အားလုံးစောင့်မျှော်နေကြတဲ့ Costume drama တွေရဲ့ဘုရင်လိုတောင်တင်စားကြတဲ့ မင်းသား Luo Yun Xi ဦးဆောင်ပါဝင်ထားပြီး မင်းသမီး Song Yi နဲ့ တခြား ဇာတ်ပိုဇာတ်ရံသရုပ်ဆောင်တွေအများကြီးပါဝင်ထားတဲ့ Follow Your Heart ဆိုတဲ့ဇာတ်ကားလေး ထွက်ရှိလိုလာပါပြီ ။ ဇာတ်လမ်းကလည်း မှုခင်းကားကိုမှ mystery , Supernatural စတဲ့ genre တွေနဲ့ဆိုတော့ ဇာတ်လမ်းအဆန်းလေးတွေမှ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်အုံးမယ်လိုထင်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ ယွဲကျန်းရဲ့ စုံစမ်းစစ်ဆေးရေးမှုးကျန်းရှင်းပိုင်ဟာ မျက်နှာတွေကို မမှတ်မိနိုင်တဲ့ရောဂါဆန်းတစ်ခုကိုခံစားနေရပြီး မာနကြီးပြီးအေးစက်စက်လည်းနိုင်ပါတယ် ။ သူဟာ ဟယ်မန်အန့်ကို မူးယစ်ဆေးကိစ္စစုံစမ်းဖိုအတွက် တိတ်တဆိတ်ရောက်ရှိလာခဲ့ပြီး လတိုင်းမျက်နှာတစ်ခုပြောင်းနေတဲ့ လေလွင့်သမားတော်လေးယန်နန်ရှင်းနဲ့သိကျွမ်းဖို ရေစက်ပါလာပါတော့တယ် ။ နှစ်ယောက်သားဟာ တစ်ယောက်လျိုဝှက်ချက်ကို တစ်ယောက်ဖုံးကွယ်ထားရင်း လျိုဝှက်ချက်ကိုယ်စီနဲ့ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကံကြမ္မာအလီလီကိုဖြတ်သန်းရင်း အဆုံးမှာတော့ အမှုရဲ့နောက်ကွယ်ကလူကိုဘယ်လိုဖော်ထုတ်နိုင်သွားမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို အဆုံးထိ လိုက်ပါစောင့်ကြည့်လိုက်ပါအုံးနော် ။ Quality : 1080p , 720p Total Episodes : 40 Format : mp4 Genres : Historical, Mystery, Romance, Supernatural Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
ဇာတ်ကားကြည့်ရန်