ပြင်သစ်နိုင်ငံက လမန်းစ်ကားပြိုင်ပွဲဟာ ပြိုင်ကားထုတ်လုပ်သူတွေအတွက် ကိုယ့်ကားရဲ့ အရည်အသွေးကို သက်သေပြရတဲ့ အရေးကြီးပြိုင်ပွဲတစ်ခုပါ။ ပတ်လမ်းပေါ်မှာ ၂၄ နာရီတိတိ မောင်းနှင်ယှဉ်ပြိုင်ကြရပြီး တစ်နာရီ မိုင် ၂၀၀ ဝန်းကျင် အမြန်နှုန်းနဲ့ တစ်ပတ်ပြီးတစ်ပတ် ပတ်နေရတယ်။ အမြန်နှုန်းတင်မက ခံနိုင်ရည်နဲ့ စိတ်ချရမှုကိုပါ စမ်းသပ်ရသလို အသက်အန္တရာယ်လည်း များပါတယ်။ ဒီပြိုင်ပွဲမှာ ခြောက်နှစ်ဆက် ဗိုလ်စွဲထားတဲ့ ဖရာရီက အဲဒီအချိန် ပြိုင်ကားလောကရဲ့ အင်အားကြီးကုမ္ပဏီ ဖြစ်နေတယ်။ ဖို့ဒ်က အီတလီကားကုမ္ပဏီ ဖရာရီကို ဝယ်ယူဖို့ ကြိုးစားတဲ့အခါ ပိုင်ရှင်အန်ဇိုက စော်ကားတဲ့စကားတွေနဲ့ ငြင်းပယ်လိုက်ပါတယ်။ အဲဒီနောက် ဒုတိယမြောက် ဟင်နရီဖို့ဒ်ဟာ ငွေအမြောက်အမြားသုံးပြီး ကျွမ်းကျင်သူတွေကို စုစည်းကာ လမန်းစ်မှာ ဖရာရီကို အနိုင်ယူနိုင်မယ့် ပြိုင်ကားတစ်စီး တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီတာဝန်ကို လမန်းစ်မှာ အနိုင်ရဖူးတဲ့ ကယ်ရိုးရှဲလ်ဘီနဲ့ သူ့မိတ်ဆွေ ကင်မိုင်းစ်တို့က ယူကြရပါတယ်။ ကင်မိုင်းစ်ကတော့ လူတွေနဲ့ အလွယ်တကူ အဆင်ပြေတတ်သူမျိုး မဟုတ်ဘူး။ ဖြစ်နိုင်ခြေနည်းတဲ့ ဒီရည်မှန်းချက်အတွက် နှစ်ယောက်သား ဖို့ဒ်ပြိုင်ကားကို ကိုယ်တိုင်တည်ဆောက်ပြီး ဖရာရီကို ယှဉ်ပြိုင်အနိုင်ယူဖို့ ကြိုးစားကြတယ်။ မက်ဒေမွန်နဲ့ ခရစ်ရှန်ဘေးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်