★ 6.7
ဇာတ်ကား / 2009Julie & Julia
သံရုံးမှာ အလုပ်လုပ်တဲ့ ခင်ပွန်းဖြစ်သူ ပဲရစ်မှာ တာဝန်ကျတော့ အမျိုးသမီးတစ်ယောက်လည်း သူနဲ့အတူ လိုက်လာပါတယ်။ ခင်ပွန်းကို ဖွယ်ဖွယ်ရာရာ ချက်ကျွေးချင်လို့ ဟင်းချက်နည်းစာအုပ်တွေ လိုက်ရှာရာက တွေ့သမျှ ပြင်သစ်ဟင်းလျာချက်နည်းတွေဟာ ပြင်သစ်ဘာသာနဲ့ပဲ ရေးထားတာ ဖြစ်နေတယ်။ အဲဒီကနေ လုပ်ဖော်ကိုင်ဖက်တချို့နဲ့အတူ ပြင်သစ်ဟင်းလျာချက်နည်းတွေကို အင်္ဂလိပ်လိုရေးပြီး စာအုပ်ထုတ်ဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် ထုတ်ဝေသူရှာရတာ မလွယ်ဘဲ အခက်အခဲတွေနဲ့ ပယ်ချခံရတာတွေကို ကြုံရတယ်။ ပြင်သစ်ဟင်းလျာချက်နည်းတွေကို အမေရိကန်ဆီ ယူဆောင်လာပေးတဲ့ ဒီအမျိုးသမီးရဲ့အကြောင်းကို အခြေခံထားပြီး သူတို့ရေးထားတဲ့စာအုပ် ထုတ်ဝေနိုင်ဖို့ ဘယ်လိုဆက်ကြိုးစားကြမလဲဆိုတာ ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်