ဘန်ဂိတ်စ်တို့မျိုးရိုးဟာ ဘိုးဘေးတွေလက်ထက်ကတည်းက ဝှက်စာတွေဖော်ပြီး ရတနာသိုက်ရှာလာခဲ့ကြသူတွေပါ။ သူတို့ရှာနေတဲ့ ရတနာသိုက်ကို တခြားလူတွေက ရှိတယ်လို့တောင် မယုံကြတဲ့အတွက် အရူးတွေလို့ အလှောင်ခံခဲ့ရတယ်။ ဘန်ကတော့ သူ့လက်ထက်မှာ ဒီအလှောင်ခံရမှုကို အဆုံးသတ်ဖို့ ရတနာသိုက်ကို အရရှာချင်နေပါတယ်။ သဲလွန်စတွေနောက် လိုက်ရင်း သူ့ရဲ့ရှာဖွေမှုက အမေရိကန်နိုင်ငံ တည်ထောင်သူတွေ၊ လွတ်လပ်ရေးကြေညာစာတမ်းနဲ့ အမေရိကန်သမိုင်းထဲက အထင်ကရအရာတွေဆီ ဦးတည်လာတယ်။ ဖရီးမေဆင်တွေရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖော်ထုတ်ဖို့ လိုလာပါတယ်။ ဒီကြားထဲ သူငယ်ချင်းတစ်ယောက်ရဲ့ သစ္စာဖောက်မှုကိုပါ ခံလိုက်ရပေမယ့် ဘန်က ရှာဖွေမှုကို လက်မလျှော့ခဲ့ဘူး။ သမိုင်းအမွေအနှစ်တွေကို မြတ်နိုးတဲ့ မော်ကွန်းတိုက်မှူး အဘီဂေးလ်နဲ့ နည်းပညာကျွမ်းကျင်တဲ့ သူငယ်ချင်း ရိုင်လေတို့ရဲ့ အကူအညီနဲ့ လွတ်လပ်ရေးကြေညာစာတမ်းကို ခိုးယူပြီး ရတနာသိုက်ရှာဖို့ ကြိုးစားကြတယ်။ အဲဒီနောက်တော့ FBI ကရော လူဆိုးတွေကပါ လိုက်လာကြလို့ နှစ်ပေါင်းများစွာ ဘယ်သူမှ ရှာမတွေ့ခဲ့တဲ့ ရတနာသိုက်နောက်ကို လွတ်လွတ်လပ်လပ် လိုက်နိုင်တဲ့အခြေအနေ မရှိတော့ပါဘူး။ နစ်ကေ့ သရုပ်ဆောင်ထားတဲ့ ဘန်ဂိတ်စ်က ခပ်တည်တည်နေပြီး မသိမသာ ဘဝင်မြင့်တတ်သူပါ။ ဂျက်စတင်ရဲ့ ဟာသပြောတတ်တဲ့ ဇာတ်ကောင်နဲ့ ခရူဂါရဲ့ ဇာတ်ကောင်တို့ တွဲပါလာတဲ့အခါ သူတို့အချင်းချင်း အပေးအယူကလည်း ရတနာရှာခရီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ အက်ရှင်၊ စွန့်စားခန်းနဲ့ ဝှက်စာပဟေဠိတွေကို သမိုင်းအမွေအနှစ်တွေနဲ့ ဆက်စပ်ထားတဲ့ ဇာတ်ကားပါ။ အခွေငှားဆိုင်ခေတ်ကတည်းက လူသိများခဲ့တဲ့ National Treasure ဟာ နစ်ကေ့ အက်ရှင်ဇာတ်ကားတွေဘက်မှာ နာမည်ရလာတဲ့ကာလက ရိုက်ကူးခဲ့တာဖြစ်ပြီး ပထမကားက ရုံဝင်ငွေကောင်းခဲ့ပါတယ်။ ရှေ့ကဇာတ်ကားနှစ်ကားလုံးမှာ ရတနာသိုက်ရှာတာကို အမေရိကန်သမိုင်းနဲ့ နိုင်ငံ့ရေးရာတွေကြား ချိတ်ဆက်ပုံဖော်ထားတယ်။ သုတစာအုပ်တွေ၊ ကာတွန်းဂျာနယ်တွေနဲ့ စာရေးဆရာတွေရဲ့ လက်ရာတွေကနေ ဒီသမိုင်းအကြောင်းနဲ့ ဖရီးမေဆင်အကြောင်း ရင်းနှီးခဲ့သူတွေအတွက်တော့ သိပြီးသားအကြောင်းအရာတွေကို စွန့်စားခန်းထဲမှာ ပြန်တွေ့ရသလို ဖြစ်စေပါတယ်။ ဇာတ်ကားတွေ အောင်မြင်လာပြီးနောက် စာအုပ်တချို့နဲ့ မူလဇာတ်ကောင်တချို့ ပြန်ပါလာတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ထွက်ရှိခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်