★ 3.0
ဇာတ်ကား / 2022Get Away If You Can
လင်မယားနှစ်ယောက် သင်္ဘောနဲ့ ခရီးထွက်လာကြရင်း လမ်းမှာ ကျွန်းလေးတစ်ကျွန်း တွေ့ကြပါတယ်။ ဇနီးဖြစ်သူက ကျွန်းပေါ် ဆင်းချင်ပေမယ့် ခင်ပွန်းက မဆင်းချင်ဘူး။ နောက်ဆုံးတော့ ဇနီးက ခိုးဆင်းသွားပြီး ခင်ပွန်းက သူ့ကို ပြန်ခေါ်ဖို့ ကြိုးစားရပါတော့တယ်။ တစ်ယောက်က ကျွန်းပေါ်မှာ၊ တစ်ယောက်က လှေပေါ်မှာနေရင်း နှစ်ယောက်ကြား စိတ်ချင်းလွန်ဆွဲနေကြတယ်။ သူတို့ရဲ့ လက်ရှိအခြေအနေကို အတိတ်ကဖြစ်ရပ်တွေနဲ့ ပေါင်းစပ်ပြီး လူ့စိတ်နဲ့ လူ့သဘောသဘာဝကို ပုံဖော်ထားတဲ့ ဒရာမာ၊ လျှို့ဝှက်မှုနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။ Ed Harris က ဇာတ်ပို့အဖြစ် ပါဝင်ထားပါတယ်။ သူဟာ Westworld အပြင် Top Gun: Maverick၊ Apollo 13 နဲ့ A Beautiful Mind တို့မှာလည်း သရုပ်ဆောင်ခဲ့သူပါ။ ဒီဇာတ်ကားမှာ လိင်ဆက်ဆံခန်းတွေကို အချိန်ယူပြီး ထင်ထင်ရှားရှား ပြထားတာလည်း ရှိပါတယ်။
ဇာတ်ကားကြည့်ရန်