မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ခေါင်းဆောင် ဘရစ်ချာနဲ့ သူ့အဖွဲ့ဟာ မူးယစ်ဂိုဏ်းတစ်ခုရဲ့စခန်းကို ဝင်စီးကြပါတယ်။ အဲဒီမှာ ဖမ်းဆီးရမိတဲ့ ငွေပုံကြီးထဲက ဒေါ်လာဆယ်သန်းကို ခိုးယူပြီး ဖွက်ထားခဲ့ကြတယ်။ တိုက်ခိုက်မှုတွေပြီးလို့ ငွေပြန်ယူဖို့ သွားတဲ့အခါမှာတော့ ဖွက်ထားတဲ့ငွေတွေ ပျောက်နေပြီး တစ်ဖွဲ့လုံးလည်း ခိုးမှုနဲ့ စစ်ဆေးခံရပါတော့တယ်။ ခြောက်လကြာ စစ်ဆေးပေမယ့် မသင်္ကာစရာမတွေ့တာကြောင့် သူတို့ ပြန်တာဝန်ထမ်းဆောင်ခွင့်ရလာပါတယ်။ ဒါပေမယ့် အဲဒီနောက်မှာ အဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလာရတယ်။ စစ်ဆေးရေးမှူးအမျိုးသမီးတစ်ယောက်နဲ့ ပူးပေါင်းပြီး တရားခံကို လိုက်ရှာကြရင်း သံသယရှိသူတွေ တွေ့လာပေမယ့် အဖွဲ့ထဲမှာလည်း သေဆုံးသူတွေ ဆက်တိုးနေပါတယ်။ ဘရစ်ချာရဲ့ဇနီး အသတ်ခံခဲ့ရတဲ့အတိတ်နဲ့ လက်ရှိအဖွဲ့သားတွေ ကြုံနေရတဲ့ပြဿနာတွေကြားကနေ လူသတ်သမားကို ရှာဖော်ရမှာပါ။ အာနိုးက ဘရစ်ချာအဖြစ် ဦးဆောင်ပါဝင်ပြီး Sam Worthington လည်း သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်