ဒီတစ်ခေါက်မှာတော့ Netflix ရဲ့ အသစ်ထွက်ရှိထားတဲ့ The Watcher ဆိုတဲ့ Series လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ အိမ်မှား၀ယ်မိတဲ့မိသားစုတစ်စုကို အန္တရာယ်တစ်ခုက စောင့်ကြိုနေတဲ့ Horror/Mystery ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ မိသားစုတစ်စုဟာ အိမ်အသစ်၀ယ်ဖို့ ၀က်စ်ဖီးလ်မြို့လေးကို လာခဲ့ကြပါတယ်။ သူတို့သဘောကျတဲ့အိမ်ရဲ့ အိမ်နီးချင်းတွေဟာ အနည်းငယ်မူမမှန်သလိုဖြစ်နေပြီး အိမ်ဟာလည်း အလွန်ဈေးကြီးနေခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထောင်ဦးစီးဖြစ်သူ ဒင်းန်ဘရန်နော့ခ် ဟာ အိမ်ကိုသဘောကျလွန်းတာကြောင့် အိမ်ရဲ့နောက်ခံသမိုင်းကြောင်းကိုတောင် မမေးမြန်းတော့ဘဲ ပိုင်ဆိုင်သမျှအကုန် ရင်းနှီးပြီး အိမ်ကို မရရအောင် ၀ယ်လိုက်ပါတယ်။ ဒီလိုနဲ့ ဘရန်နော့ခ် မိသားစုတို့ အိမ်အသစ်ကိုပြောင်းလာခဲ့ကြပြီး မကြာခင်မှာပဲ အိမ်ရဲ့မူမမှန်မှုတွေဟာ တစ်စတစ်စကြီးထွားလာခဲ့ပါတယ်။ ဒါတင်မကပဲ The Watcher လို့ သူ့ကိုယ်သူ နာမည်ပေးထားတဲ့ သူဆီက ခြိမ်းခြောက်စာတွေ ဆက်တိုက် ရလာတဲ့အခါမှာတော့ သူတို့တွေ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊ The Watcher လက်ထဲက လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။ File Size – (600MB) Quality – 1080p NF WEBDL Duration – 48mins 31 secs Total Episodes: 7Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama & Mystery Translator –Jaka & Jerrica & Yoon Sandi & Nana Yuni Encoder –YK
ဇာတ်ကားကြည့်ရန်