ဒီဇာတ်ကား Stephen Glass ဆိုသူ ဂျာနယ်လစ်တစ်ယောက်ရဲ့ Biographical Film ပါ။ Stephen Glass ဟာ အမေရိကန်က နာမည်ကြီးမဂ္ဂဇင်းေတွထဲကတစ်ခုဖြစ်တဲ့ The New Republic မဂ္ဂဇင်းတိုက်က လူချစ်လူခင်ပေါများပြီး အောင်မြင်တဲ့ ၂၄ နှစ်အရွယ် ဂျာနယ်လစ်လေးတစ်ယောက်ပါ။ Glass ကဘယ်လိုလူစားမျိုးလဲဆိုတာကို ပညာရှင်ဆန်ဆန်နဲ့ နာမည်တွေရှိမှာပါ။ ဒါပေမဲ့ အရပ်စကားနဲ့ဆို ပျော့ပျော့နဲ့နံတဲ့ကြောင်ချေးလိုလူမျိုးလို ပြောရမလားပဲ။ အမြဲတမ်းအခွင့်အရေးယူတတ်ပြီးတော့ သူအမှားလုပ်ထားလည်း နစ်နာသူအဖြစ်ဟန်ဆောင်တတ်သူမျိုး။ သူက အရွယ်နဲ့မလိုက်အောင်တော်ပါတယ်။ ဒါပေမဲ့ မတော်သင့်တဲ့နေရာမှာပါတော်နေတော့ လူတွေအများကြီးကိုပါ ဒုက္ခရောက်စေတယ်။ အပြစ်ကင်းတဲ့ပုံစံလေးနဲ့သူဟာ ဆောင်းပါး ၄၁ ပုဒ်ရေးခဲ့တဲ့အထဲ ၂၇ ပုဒ်က ဘာအထောက်အထားမှမပါဘဲ သူ့ဘာသာသူ စိတ်ကူးယဉ်ရေးပြီးတော့ တကယ့်အဖြစ်အပျက်လိုမျိုး ဂျင်းထည့်ခဲ့တာပါ။ သူလိမ်ထားတာတွေ ဘယ်လိုမျိုးပေါ်သွားခဲ့လဲ၊ အလိမ်ပေါ်သွားပြီးတဲ့နောက်မှာရော Glass တစ်ယောက် ဘယ်လိုမျိုးတုံ့ပြန်မှာလဲဆိုတာကတော့...တကယ့်အဖြစ်အပျက်ကို စိတ်၀င်စားဖို့ကောင်းအောင်ရိုက်ထားကိုတော့ ပြောစရာမလိုပါ။ Stephen Glass နေရာကိုတော့ Star Wars မင်းသား Hayden Christensen က သရုပ်ဆောင်ထားပါတယ်။ File size…(1.5 GB)/(770 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre... Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
ဇာတ်ကားကြည့်ရန်