Margo's Got Money Troubles (2026) Season 01 (Complete) IMDb Rating (7.0) / Rotten Tomatoes (96%) ဒီဇာတ်လမ်းတွဲက Rufi Thorpe ရဲ့ 2024 ခုနှစ်ထွက် နာမည်ကြီးလုံးချင်းဝတ္ထုကို အခြေခံထားပြီးတော့ David E. Kelley က ရိုက်ကူးတင်ဆက်ထားတဲ့ အမေရိကန် ဟာသဒရာမာအမျိုးအစားပဲဖြစ်တယ်။ ဒီအထဲမှာတော့ အဓိကသရုပ်ဆောင်အဖြစ် Maleficent ဇာတ်လမ်းနဲ့ Princess Aurora အဖြစ် အများဆုံးစသိကြတဲ့ အချစ်တော် မင်းသမီးချောလေး Elle Fanning က ပါဝင်ထားပြီး အမေနေရာမှာလည်း မင်းသမီးကြီး Michelle Pfeiffer က သရုပ်ဆောင်ထားတော့ ဒီနာမည်ကြီးနှစ်ယောက်နဲ့တင် ဇာတ်လမ်းကတန်နေပါပြီနော်။ ပြီးတော့ Nicole Kidman ကလည်း ဒီဇာတ်လမ်းတွဲမှာ ဝင်သရုပ်ဆောင်ရုံတင်မကဘဲ Executive Producer အဖြစ်ပါ ပါဝင်ထားတာမို့ Cast အင်အားကတော့ တကယ့်ကို ထိပ်တန်းလို့ပြောရမှာ။ ဇာတ်လမ်းအကျဥ်းအရ "ငွေကြေးဒုက္ခများနှင့် မာဂို" ဆိုတဲ့ခေါင်းစဥ်အတိုင်း မာဂိုဆိုတဲ့ ကောလိပ်ကျောင်းသူကောင်မလေးတစ်ယောက်ရဲ့ ငွေကြေးရေးအခက်အခဲတွေအကြောင်းပဲပေါ့။ မာဂိုက ငယ်ငယ်ကတည်းက စိတ်ကူးအရမ်းယဥ်တတ်တဲ့ ကလေးမလေးတစ်ယောက်။ သူက အရုပ်လေးတွေကိုပဲအဖော်ပြုပြီး သူ့ဦးနှောက်ထဲမှာ ဇာတ်လမ်းလေးတွေထွင်ဆော့ရာကနေ စာရေးဆရာဖြစ်မှန်းမသိဖြစ်ချင်သွားတာပဲ။ အဲ့နေရာမှာတစ်ခုရှိလာတာ သာမန်လူတွေနဲ့ စာရေးဆရာတွေရဲ့ ကွာခြားချက်ပဲ။ ပုံမှန်လူတွေက လောကကြီးကို အရှိကိုအရှိအတိုင်းပဲမြင်တတ်ပေမဲ့ စာရေးဆရာတွေကတော့ မတူဘူး။ သူတို့က ကိုယ်ပိုင်ကမ္ဘာလေးတွေတည်ဆောက်ပြီး အဲ့ထဲမှာနစ်မျောနေသူတွေ။ မာဂိုအတွက်လည်း အဲ့လိုပဲ။ အမေဖြစ်သူနဲ့သာနေခဲ့ရပြီး ဖခင်မေတ္တာကိုအလုံအလောက်မခံစားခဲ့ရရှာတဲ့ မာဂိုဟာ ကောလိပ်တက်တဲ့အချိန်မှာ သူရေးထားတဲ့စာတမ်းတွေကို သဘောကျပေးပြီး စကားလုံးလှလှလေးတွေရွေးသုံးတတ်တဲ့ အင်္ဂလိပ်စာပါမောက္ခနဲ့ ငြိစွန်းကြတော့တာပဲ။ အဲ့ပါမောက္ခကလည်း စာသမားပေသမားပီပီ မာဂိုလို စိတ်ကူးယဥ်တတ်တဲ့ မနူးမနပ်လေးကို ဘယ်လိုကောင်းကောင်းခြွေယူရမှန်းသိတယ်။ သူကိုယ်တိုင်က အိမ်ထောင်သည်၊ ကလေးနှစ်ယောက်အဖေပေမယ့် ဆရာတပည့်စည်းကိုတောင်မငဲ့ပဲ နှစ်ယောက်သား စိတ်အလိုလိုက်ခဲ့ကြတော့ ရလဒ်က မာဂိုတစ်ယောက် ဗိုက်တစ်လုံးရသွားတာပေါ့။ အဲ့ဒီမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအမေဖြစ်သွားပေမယ့် ကလေးတွန်းလှည်းလေးတောင်ဝယ်ဖို့ပိုက်ဆံမရှိရှာတဲ့ မာဂိုတစ်ယောက် ကလေးစရိတ်အတွက် နောက်ဆုံး မရှိရှိတာကြံရတော့တယ်။ အဲ့ဒါကတော့ OnlyFans ပါပဲ။ အများစုသိကြတာက OnlyFans ဆိုတာ ဖန်တီးသူတွေက သူတို့ရဲ့ Content တွေကို ပရိသတ်တွေဆီကနေ လစဉ်ကြေးယူပြီး အဖော်အချွတ်ပြသတဲ့ online platform တစ်ခု။ အဲ့ဒီအခါမှာ ဘာတင်ရမလဲအကြံအိုက်နေတုန်း သူ့အဖေ နပန်းသမားဟောင်းက ဘဝထဲပြန်ရောက်လာပြီး ဘယ်လိုမျိုး viewers တွေအာရုံစိုက်မှုကိုယူရမလဲ သူ့ကိုယ်ပိုင်နပန်းလောကအတွေ့အကြုံတွေကို အသုံးချပြီး အကြံပေးရာကနေ မထင်ထားလောက်အောင် အောင်မြင်မှုတွေရရှိလာပုံကို ရိုက်ကူးထားတာပါ။ ဒါကတော့ ဒီကားရဲ့ unique ဖြစ်တဲ့အချက်လို့ဆိုနိုင်ပါတယ်။ ဒါက Elle Fanning ကို OnlyFans Creator အဖြစ်တွေ့ရမယ့် show ဆိုပြီး အစကတည်းကလူပြောများနေတာပါ။ ဒါပေမယ့် ဘယ်လိုမျိုးဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါနော်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.7 GB) / (570 MB) / (330 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 00:37:07 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်