★ 6.3
ဇာတ်ကား / 1997Midnight in the Garden of Good and Evil
ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ နယူးယောက်ကနေ စေလွှတ်ခံရတဲ့ ဂျွန်ကယ်ဆိုဟာ ဆာဗန်းနားမြို့ကို ရောက်လာပါတယ်။ သူ့အတွက် အစိမ်းသက်သက်ဖြစ်နေတဲ့ ဒီမြို့မှာ ပါတီပွဲကို ကျင်းပမယ့် သူဌေးကြီး ဂျင်မ်ဝီလီယံစ်နဲ့ ခင်မင်သွားတယ်။ ဂျင်မ်က ရှေးဟောင်းပစ္စည်းတွေ စုဆောင်းလေ့ရှိသူပါ။ ဒီလိုနဲ့ တစ်မနက်မှာတော့ ဂျင်မ်ရဲ့အိမ်ကြီးမှာ လူသတ်မှုတစ်ခု ဖြစ်သွားတယ်ဆိုတဲ့သတင်းကို ဂျွန် သိလိုက်ရပါတယ်။ ပါတီပွဲအကြောင်း သတင်းလာယူတဲ့ သူ့ခရီးဟာ မိတ်ဆွေသစ်ရဲ့အိမ်မှာ ဖြစ်သွားတဲ့ လူသတ်မှုနဲ့ ဆက်စပ်လာတော့တယ်။
ဇာတ်ကားကြည့်ရန်