သာမန် သရဲကားတွေ၊ ထိတ်လန့်စရာကားတွေ ကြည့်ရတာ ရိုးအီနေပြီး 'Sharknado' လိုမျိုး ဘတ်ဂျက်နည်းနည်းနဲ့ အကြမ်းပတမ်း ဖန်တီးထားတဲ့ 'B-Movie' (အချဉ်ကား) လေးတွေကို အူတက်အောင် ရယ်ရင်း ကြည့်ချင်တဲ့သူတွေအတွက်တော့ ၂၀၂၆ ခုနှစ်ရဲ့ အသစ်စက်စက် Creature Feature ဇာတ်ကား "Shocktopus" က အသင့်တော်ဆုံးပါပဲ။ မြောက်ကယ်ရိုလိုင်းနား (North Carolina) ကမ်းခြေဆီကို အာကာသထဲကနေ အမည်မသိ ဂြိုဟ်သားအမီးဘား (Alien Amoeba) တစ်ကောင် ကျလာရာကနေ ဇာတ်လမ်းစပါတယ်။ အဲဒီဂြိုဟ်သားပိုးမွှားဟာ ပင်လယ်ထဲက သက်ရှိတွေကို မျိုးဗီဇပြောင်းလဲစေခဲ့ပြီး နောက်ဆုံးမှာတော့ လျှပ်စစ်ဓာတ်အားတွေ အပြည့်အဝထုတ်လွှတ်နိုင်တဲ့ သွေးဆာနေတဲ့ ရေဘဝဲဘီလူးကြီး (Shocktopus) အဖြစ်ကို ရောက်သွားပါတော့တယ်။ ဒီလိုနဲ့ ကမ်းခြေအပန်းဖြေစခန်းမှာရှိတဲ့ လူတွေဟာ လျှပ်စစ်ရှော့ခ်တိုက်ပြီး အသတ်ခံရတဲ့ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်လာရပါတယ်။ ဒီအချိန်မှာ အထူးတပ်ဖွဲ့ဝင် နှစ်ယောက်က ဒီအာကာသရေဘဝဲကြီး ကမ်းရိုးတန်းတစ်ခုလုံးကို မဖျက်ဆီးပစ်ခင် အချိန်မီ တားဆီးနိုင်ဖို့ အသက်လု ကြိုးစားရတဲ့အခါ... ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ရိုက်ကူးထားတာပါ။ Shocktopus (2026) ဟာ ဇာတ်လမ်းသွား ခိုင်မာလွန်းလို့ ကြည့်ရမယ့် ကားမျိုး မဟုတ်ဘဲ၊ လျှပ်စစ်ရေဘဝဲကြီးရဲ့ အကြမ်းပတမ်း သတ်ဖြတ်မှုတွေကို ဟာသနှောပြီး ရူးရူးမိုက်မိုက် ခံစားချင်တဲ့ သူတွေအတွက် သီးသန့်ရည်ရွယ်ထားတဲ့ ဇာတ်ကားပါ။ သူငယ်ချင်းတွေနဲ့ စုပြီး ပေါက်ပေါက်ဖောက်ရင်း အော်ဟစ်ရယ်မောကြည့်ဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ File size… 1.5 GB / 800 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 11m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်