Nighthawks (1981) ရမ်ဘိုမင်းသားကြီး စတားလုံးရဲ့ ခပ်ကြမ်းကြမ်း ရဲအရာရှိ စတိုင်သစ်တစ်ခုကို မြင်တွေ့ရမယ့် Neo-Noir Crime Action Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နယူးယောက်မြို့ရဲ့ လမ်းမတွေပေါ်မှာ အရပ်ဝတ်နဲ့ အသွင်ယူလျှို့ဝှက်စုံစမ်းရေး လုပ်ရတာကို ကျွမ်းကျင်တဲ့ အထူးရဲအရာရှိ Deke DaSilva (Sylvester Stallone) နဲ့ သူ့ရဲ့ တွဲဖက် Matthew Fox တို့အကြောင်းပါ။ သူတို့ဟာ ပုံမှန်အားဖြင့် လမ်းပေါ်က လူဆိုး၊ ဓားပြတွေကို ဖမ်းဆီးရသူတွေဖြစ်ပေမဲ့... ဥရောပမှာ ဗုံးခွဲမှုတွေ လုပ်ခဲ့တဲ့ ကမ္ဘာ့အန္တရာယ်အရှိဆုံး သွေးအေး အကြမ်းဖက်သမားကြီး Wulfgar တစ်ယောက် နယူးယောက်မြို့ပေါ်ကို လျှို့ဝှက်ရောက်ရှိလာတဲ့အခါမှာတော့ အခြေအနေတွေ ပြောင်းလဲသွားပါတော့တယ်။ FBI နဲ့ အာဏာပိုင်တွေဟာ Wulfgar ကို တားဆီးဖို့အတွက် DaSilva တို့ အဖွဲ့ကို အထူးတာဝန် ပေးအပ်လိုက်ပါတယ်။ တောမြို့လေးတွေထက် လူဦးရေ သန်းချီရှိတဲ့ နယူးယောက်မြို့ကြီးရဲ့ မြေအောက်ရထားလိုင်းတွေ၊ ကလပ်တွေနဲ့ ကေဘယ်ကားတွေကြားထဲမှာ... ကိုယ်ယောင်ဖျောက် ကျွမ်းကျင်ပြီး ဓားစာခံတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ အကြမ်းဖက်သမားကို ဖမ်းဆီးဖို့ DaSilva တစ်ယောက် သူ့ရဲ့ နည်းလမ်းဟောင်းတွေကို စွန့်လွှတ်ပြီး ဘယ်လိုနည်းလမ်းနဲ့မဆို တားဆီးဖို့ကြိုးစားပါတော့တယ်။
ဇာတ်ကားကြည့်ရန်