ဇာတ်ကား / 1994Four Weddings and a Funeral"ပထမမင်္ဂလာဆောင်"
ကိုယ်က အနှောင်အဖွဲ့ကိုကြောက်တတ်တဲ့ လွတ်လပ်သူပေါ့။ မင်္ဂလာဆောင်အခမ်းအနားတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး မင်္ဂလာဆောင်ခြင်းဆိုတာနဲ့ ရန်သူဖြစ်ခဲ့တာပေါ့။ ဒီမင်္ဂလာပွဲမှာ ကိုယ်မင်းကို ပထမဆုံးစတွေ့ခဲ့တယ်။ ချစ်တယ်ဆိုတာ အိပ်နေရတာလောက် မကောင်းဘူးလို့ထင်ထားတဲ့ ကိုယ်...အဲဒီနေ့မှာအချစ်ဆိုတာကို ပါးပါးလေး စတွေ့မိခဲ့တယ်။ မင်းအရမ်းလှနေတယ်။ ကိုယ်တို့ အတူ ကြည်နူးစရာညတစ်ညကိုဖြတ်သန်းခဲ့ပြီး ရိုးရိုးလေးပဲ နှစ်ဦးသဘောတူ ခွဲခွာခဲ့ကြတယ်။ ကိုယ်တို့ဘဝရဲ့ အရေးအကြီးဆုံးအရာတစ်ခု ဆုံးရှုံးသွားမှာကို သိရက်နဲ့တောင်မှပေါ့။
"ဒုတိယမင်္ဂလာဆောင်"
ဒီမင်္ဂလာဆောင်ကိုလည်း ကိုယ်နောက်ကျပြန်ပြီ။ ပြီးတော့မင်းရဲ့ သတို့သားဖြစ်မယ့် အခွင့်အရေးမှာလည်း နောက်ကျခဲ့ရပြီ။ ပြီးတော့ ဒီမင်္ဂလာဆောင်တွေကို မုန်းတတ်လာပြီ။ စိတ်ဓာတ်အကျဆုံးအချိန်မှာ မင်းနဲ့တွေ့ခဲ့ပြီး နောက်ထပ် ကြည်နူးစရာညတစ်ညရခဲ့တယ်။ ဒီလိုညမျိုး ဘယ်တော့မှမရနိုင်တော့ဘူးဆိုတဲ့ ခံစားချက်နဲ့အတူ ကိုယ်နှလုံးသားထဲမှာ ကျိတ်ငိုခဲ့ရတယ်။
"တတိယမင်္ဂလာဆောင်"
ကိုယ်အမုန်းဆုံးမင်္ဂလာဆောင်ပေါ့။ ကိုယ် မင်းကို ကိုယ့်ရဲ့ခံစားချက်တွေကို ပွင့်လင်းပြခဲ့ပေမဲ့ ဒီဖြစ်စဉ်ကြီးဖြစ်လာတာကို မတားဆီးနိုင်ခဲ့ဘူး။ ကိုယ်ချစ်တဲ့သူက တခြားသူရဲ့ရင်ခွင်ထဲမှာရှိနေတာကို ကြည့်ရတာ အချစ်အပေါ်ထားတဲ့ကိုယ့်ရဲ့ ယုံကြည်မှု ကိုယ့်နှလုံးသားလို တစ်စစီ ကြေမွသွားခဲ့တယ်။
"သေဆုံးခြင်း"
ချစ်တဲ့ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးလိုက်ရတာ နှလုံးသားတစ်စိတ်တစ်ပိုင်း ပဲ့ကျသလိုပါပဲ။ သူ့ကို ဘယ်တော့မှမတွေ့နိုင်ဘူးဆိုတဲ့အသိနဲ့ ဝမ်းနည်းမှုမှာ အခါခါကျရှုံးရပေမဲ့ သူ့ကြောင့်ရခဲ့တဲ့ ပျော်စရာအချိန်တွေကို သတိရပြီး ကိုယ်နဲ့ သူ့ကိုခွဲလိုက်တဲ့ သေမင်းကို အနိုင်ယူလိုက်တယ်။ ဒီမှာသေမင်း မင်းသူ့ကိုခေါ်သွားလို့ရပေမဲ့ မင်း ငါတို့ရဲ့ ပျော်စရာအချိန်တွေကိုတော့ယူမသွားနိုင်ပါဘူးကွာ။
"စတုတ္ထ မင်္ဂလာဆောင်"
ကိုယ်အချစ်ကို လက်လျှော့ပြီး ကိုယ့်ရဲ့ အကြီးမားဆုံးရန်သူကို ထွေးပွေ့ဖို့ကြိုးစားမိတဲ့နေ့ပေါ့။ ဒါပေမဲ့ မင်းရောက်လာခဲ့တယ်။ ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ ယုံကြည်ချက်ကို ပြန်နှိုးဆွပြီး အချစ်ကို ပြန်ခံစားမိစေခဲ့တယ်။ အချစ်ကို ယုံကြည်လာပြီး အချစ်အတွက် သတ္တိရှိစေခဲ့တယ်။ ကိုယ် ဒီနေ့မှာ မင်းကို ကတိတောင်းတယ်။ ကိုယ့်ကို ဘယ်တော့မှလက်မထပ်ပါနဲ့လို့။ မင်းကလည်း ကတိပေးတယ် လက်မထပ်ပါဘူး။ မင်္ဂလာဆောင်ခြင်းဆိုတဲ့ရန်သူကို အဝေးပို့ပြီး ကိုယ်တို့နှစ်ယောက် ချစ်ခြင်းနဲ့ပဲ တွယ်နှောင်ထားပြီး ဘဝကို တူတူဖြတ်သန်းကြဖို့ အစပြုခဲ့တဲ့နေ့လေးပေါ့.....။
Four Weddings and a Funeral (1994) ဇာတ်ကားလေးက Comedy, Drama, Romance ဇာတ်ကားလေးဖြစ်ပြီးတော့ ပြုံးနေရင်း ကြည်နူးရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်)
File size__( 1 GB ) and ( 450 MB)
Quality__BR-Rip 720p
IMDb Rating__7.1/10
Format__mp4
Duration__01:57:00
Type__Comedy , Drama , Romance
Subtitle__Myanmar Subtitle (Hardsub)
Translated by d3mon
Encoded by Naing Aung Latt
ဇာတ်ကားကြည့်ရန်