Victoria (2015) IMDb Rating (7.6) / Rotten Tomatoes (82%) Berlin International ရုပ်ရှင်ပွဲမှာ ဆုတွေအများကြီးရခဲ့ပြီး ဘာလင်မြို့ရဲ့ ညဖက်အလှအပနဲ့ မြို့ပြရဲ့ အငွေ့အသက်ကို Crime Thriller ပုံစံရိုက်ပြထားတဲ့ ဇာတ်ကားကောင်းပါ။ အထူးခြားဆုံးအချက်ကတော့ ၂ နာရီကျော်ကြာမြင့်တဲ့ ဇာတ်ကားတစ်ကားလုံးကို "One Single Take" (ဖြတ်တောက်မှုမရှိဘဲ တစ်ဆက်တည်း) ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘာလင်မြို့ကို မကြာခင်ကမှ ပြောင်းရွှေ့လာတဲ့ စပိန်မလေး Victoria (Laia Costa) အကြောင်းပါ။ တစ်ညမှာတော့ သူမဟာ ကလပ်တစ်ခုကအထွက်မှာ မြို့ခံလူငယ်တစ်စုနဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူတို့ထဲက Sonne (Frederick Lau) ဆိုတဲ့ ကောင်လေးနဲ့ သူမကြားမှာ တစ်ဦးကိုတစ်ဦး စိတ်ဝင်စားမှု (Flirtation) တွေ စတင်ခဲ့ပြီး အပျော်ခရီးလေးတစ်ခုအဖြစ်မြို့ထဲမှာ အတူတူ လျှောက်သွားခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီညရဲ့ ပျော်ရွှင်မှုတွေဟာ ကြာရှည်မခံခဲ့ပါဘူး။ Sonne ရဲ့ သူငယ်ချင်းတွေမှာ ဖုံးကွယ်ထားတဲ့ အန္တရာယ်ရှိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပြီး၊ မထင်မှတ်ဘဲ သူတို့အားလုံးဟာ ဘဏ်ဓားပြမှုတစ်ခုထဲမှာ ပါဝင်ပတ်သက်သွားရပါတယ်။ Victoria တစ်ယောက် အပျော်ခရီးကနေတစ်ဆင့် အသက်လုပြေးရတဲ့ ရာဇဝတ်မှုတစ်ခုထဲက ပါဝင်ပတ်သက်သွားမိတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ File size… (2 GB) / (1.2 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Romance,Thriller Duration…. 02:19:35 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်