အာဖဂန်စစ်ပွဲအတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်တပ်ကြပ်ကြီး ဂျွန် ကန်န်လီနဲ့ အာဖဂန်စကားပြန် အာမက်တို့ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ စစ်ကားပါ။ Guy Ritchie က ရိုက်ကူးပြီး ဂျိတ်ယီလင်ဟော ပါဝင်သရုပ်ဆောင်ထားပါတယ်။ Covenant ဆိုတဲ့ အမည်ကတော့ ကတိတစ်ခု၊ သစ္စာတစ်ခုကို ဆိုလိုတာပါ။ နောက်ခံအခြေအနေအနေနဲ့ ၉/၁၁ တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ အမေရိကန်တပ်သား ၁၃၀၀ ကို အာဖဂန်မှာ တာဝန်ချထားခဲ့ရာက ၂၀၁၁ ခုနှစ် ဒီဇင်ဘာမှာ တပ်သား ၉၈၀၀၀ အထိ ရှိလာခဲ့ပါတယ်။ အမေရိကန်မှာ ခိုလှုံခွင့်ပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ အာဖဂန်စကားပြန် ငါးသောင်းလောက်ကိုလည်း စစ်တပ်က တာဝန်ပေးခဲ့တယ်။ အဲဒီကာလမှာ ဂျွန်နဲ့ အာမက်တို့ဟာ အသက်လုရတဲ့ တိုက်ပွဲတွေကို အတူဖြတ်သန်းခဲ့ကြရပါတယ်။ ၂၀၂၁ ခုနှစ်မှာ အမေရိကန်တပ်တွေ ဆုတ်ခွာပြီး တာလီဘန်တွေ အာဏာရလာချိန်မှာတော့ စကားပြန် ၃၀၀ ကျော်နဲ့ မိသားစုတွေ အသတ်ခံခဲ့ရပြီး ထောင်နဲ့ချီတဲ့ စကားပြန်တွေ ပုန်းအောင်းနေခဲ့ရတယ်။ ဂျွန်ရဲ့ ရဲဘော်ရဲဘက်ဟောင်း အာမက်လည်း တာလီဘန်တွေ သတ်ဖို့ လိုက်ရှာနေတာကို ခံနေရပါတယ်။ ဒီအချိန်မှာ ဂျွန်က အာမက်ကို ကယ်ထုတ်ဖို့ အာဖဂန်ကို ပြန်ဝင်လာပြီး ကြိုးစားပါတော့တယ်။
ဇာတ်ကားကြည့်ရန်