Ahlan Singapore (2026) ဇာတ်လမ်းကတော့ ရည်မှန်းချက်ကိုယ်စီနဲ့ စင်ကာပူနိုင်ငံဆီ ရောက်ရှိလာကြတဲ့ အင်ဒိုနီးရှားလူငယ်လေးတွေအကြောင်း ဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်ဖြစ်သူ အိုက်ရှာနဲ့ လီယမ် တို့ရဲ့ မထင်မှတ်ထားတဲ့ ဆုံတွေ့မှုဟာ... တစ်ယောက်နဲ့တစ်ယောက် ဘဝရဲ့ စိန်ခေါ်မှုတွေကို အတူတူကျော်ဖြတ်ရင်း အချစ်ဦးအဖြစ် တွဲညှိမိသွားစေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးရဲ့ အချစ်ခရီးလမ်းဆီ လျှောက်လှမ်းနေတဲ့ အချိန်မှာပဲ... အိုက်ရှာ့ရဲ့ မိသားစုနောက်ခံနဲ့ ဆက်နွယ်နေတဲ့ ရစ်ဒ်ဝမ်ဆိုတဲ့ အမျိုးသားတစ်ဦး စင်ကာပူဆီ မထင်မှတ်ဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတော့တယ် ရစ်ဒ်ဝမ်ရဲ့ ရောက်ရှိလာမှုက အိုက်ရှာနဲ့ လီယမ်တို့ရဲ့ အေးချမ်းလှတဲ့ အချစ်ကမ္ဘာလေးကို လှုပ်ခတ်သွားစေခဲ့ပြီး... သုံးပွင့်ဆိုင် ဇာတ်လမ်းတွေဖြစ်လာတဲ့အခါမှာ အိုက်ရှာတစ်ယောက် ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာကို ရိုက်ပြထားပါတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်