Marama (2026) +++++++++ ၁၈၅၉ ခုနှစ်ဝန်းကျင်မှာ မေရီစတီဗင်စ်ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ "သို့ မေရီ... မင်းငါ့တော့ ငါ့ကို မသိပေမဲ့ ငါကတော့ မင်းကို မင်းဘဝတစ်လျှောက်လုံး သိခဲ့တာပါ။ မင်းသိချင်တာတွေ အားလုံးပြောပြမယ်၊ ငါခေါ်တဲ့ နေရာကို လာခဲ့ပါ" ဆိုတဲ့ စာတစ်စောင်ကြောင့်နဲ့ ဝေးလံလွန်းတဲ့ ရှိုင်းယားနယ်ဘက်ကို ရက်ပေါင်း ၇၀ ကျော်ကြာ ခရီးဆက်ပြီး ရောက်လာခဲ့တယ်။ သူ့ဘဝရဲ့ ဇာတ်ကြောင်းကို သိချင်လို့ တစ်ကိုယ်တော် ခရီးနှင်လာခဲ့ပေမဲ့ တကယ်တမ်းရောက်တဲ့အခါမှာ စာထဲမှာ ပြောထားသလို တစ်ခုမှ မဖြစ်နိုင်တော့တဲ့ အချိန်ကို ရောက်သွားပြီဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ သူရောက်သွားတဲ့ အိမ်တော်က နေသန်နီရယ်ကိုးလ်ဆိုတဲ့ သခင်ကြီးဟာ မေရီ့ကို မပြန်ခိုင်းဘဲ သူ့မြေးလေးရဲ့ ဆရာမအဖြစ် ဆက်ပြီးနေစေခဲ့တယ်။ ဒီလိုနဲ့ မေရီဟာ အိမ်တော်ကြီးမှာ အနေကြာလေ သံသယတွေကြီးလေ ဖြစ်လာပြီး လျှို့ဝှက်ချက်တွေတော့ ရှိနေပြီဆိုတာကို ရိပ်မိလာခဲ့ပါတော့တယ်။ Gothic Horror မူဗီ ကြိုက်နှစ်သက်သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ File Size… (862MB) / (498MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 29m Genre ….Drama , Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်