Eyes Wide Shut ( 1999 ) IMDB : 7.5 Rotten Tomatoes : 76% Genre : Thriller / Mystery ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ မှော်ဆရာတစ်ပါးဖြစ်တဲ့ စတန်လေကူးဘရစ် မသေခင် နောက်ဆုံးရိုက်ခဲ့တဲ့ရုပ်ရှင်။ post-productionပြီးတဲ့အထိ သူမရှိသွားရတဲ့ ရုပ်ရှင်ပါပဲ။ ၉၉မှာထွက်တဲ့ ကားပေမဲ့ ဒီကားကို ရိုက်ဖို့ မူရင်းဇာတ်လမ်းဖြစ်တဲ့ ဂျာမန်ဝတ္ထု Dream Storyကို ၁၉၆၈မှာဖတ်မိတုန်းက ကူးဘရစ် က စိတ်ကူးစရခဲ့တယ်။ ရုပ်ရှင်အတွက်တော့ အမေရိကန်ပုံစံဖြစ်အောင် ပြန်ပြောင်းထားတယ်။ စစကတော့ သူက ဝူဒီအယ်လန်ကို မင်းသားတင်ရိုက်ဖို့တွေးသေးတယ်။ နောက်ကျ တွမ်ဟန့်တို့ ဘီလ်မာရေးတို့ ဒတ်စတင် ဟော့မန်းတို့ကို မင်းသားတင်ရိုက်ဖို့တွေးသေးတယ်။ နောက်ကျ Born on the Fourth of July ထဲက တွမ်ခရုစ်ရဲ့ သရုပ်ဆောင်မှုကိုကြည့်ပြီး တွမ်ခရုစ်ကိုပဲ ကူးဘရစ်ကိုယ်တိုင်ရွေးခဲ့တယ်။ မြင်ရတဲ့ ဇာတ်လမ်းအရတော့ ကျန်တဲ့လူတွေထက် နောက်ဆုံးသူရွေးခဲ့တဲ့ တွမ်ခရုစ်နဲ့ ဒီဇာတ်ကောင်က အလိုက်ဖက်ဆုံးပဲ။ ပြောသာပြောရတယ်။ ဒီကာလက တွမ်ခရုစ်ကားတွေက ရှယ်တွေများတယ်။ နောက်မှသာ အက်ရှင်ချည်းထွက်တော့တာ။ ဒီနှစ်တော့ Alejandroနဲ့ Digger ရိုက်ဖို့ရှိလာပြီ။ ဆက်ရရင် ကူးဘရစ်က တွမ်ခရုစ်ကိုရော ကစ်မန်းကိုရော ဒီကားမပြီးခင် တခြားပရောဂျက်လက်မခံဖို့တော့ သတ်မှတ်ထားခဲ့တယ်။ ကူးဘရစ်က သူစိတ်တိုင်းမကျမချင်း အရေးမပါဘူးထင်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကိုတောင် ပြန်ပြန်ရိုက်တတ်တဲ့လူမျိုး။ တံခါးပေါက်ကနေ အပြင်ထွက်သွားတဲ့ ဇာတ်ဝင်ခန်းကိုတောင် အထပ်ထပ် ရိုက်ရင်လည်းရိုက်တဲ့လူ။ တွမ်ခရုစ် တံခါးပေါက်ကနေ ထွက်သွားတဲ့ ဇာတ်ဝင်ခန်းကိုတောင် ၉၅ခါ ပြန်ရိုက်ခဲ့တယ်။ ကစ်မန်းကတော့ ပြောတယ်။ စတန်လေအတွက် အချိန်က အရေးအကြီးဆုံးပဲ။ ဘတ်ဂျက်အရ လိုကေးရှင်းကိုသာ စွန့်လွှတ်ရင် စွန့်လွှတ်မယ်။ အချိန်ကိုတော့ သူလိုသလောက်ယူတတ်တဲ့လူတဲ့။ ရိုက်ရင်း တွမ်ခရုစ်ဆို ဖက်ခွက်နာဖြစ်သွားတာတောင် ကူးဘရစ်ကို မပြောရဲခဲ့ဘူး။ ဒီလိုနဲ့ ဒီကားရိုက်တာ ဆက်တိုက်ဆိုသလို ပြန်ပြန်ရိုက်လာတာ ၁၅လကြာသွားပြီး ရိုက်ကူးရေးအကြာဆုံးရုပ်ရှင်အဖြစ် ဂင်းနစ်စံချိန်ပါဝင်သွားတယ်။ ဇာတ်လမ်းကတော့ ဘာမှမဟုတ်သလိုလည်း ထင်ရတယ်။ လူချစ်လူခင်များတဲ့ ဆရာဝန်လူချောတစ်ယောက် မစပ်စုသင့်တာကို စပ်စုမိရာကနေ မမျှော်လင့်ထားတာတွေ ဖြစ်လာတဲ့အကြောင်းပဲ။ ပြောရရင် တစ်ချိန်တည်းမှာပဲ မပြည့်စုံနေသလိုတောင် ခံစားရတယ်။ ဆိုပေမဲ့ သူပြချင်တာက ဇာတ်အိမ်ကောင်းကောင်းဆိုတာထက် အချစ်နဲ့ ရမ္မက်၊ သစ္စာစောင့်သိမှုနဲ့ ပင်ကိုသဘာဝ ကြားက စည်းတွေပါးလျပုံလို့ မြင်ရတဲ့အတွက် ဒါကိုတော့ ပေါ်သလိုလိုရှိတယ်ပြောရမှာပဲ။ ဒါပေမဲ့ ဒီကိစ္စတွေက အတိအကျတွေ သွားချလို့မရတဲ့ကိစ္စတွေလို့ ကျွန်တော်တော့ မြင်တဲ့နောက် ဒီလိုပုံဖော်တာက ဖြစ်သင့်တဲ့ကိစ္စပဲလို့ ကျွန်တော်တော့ထင်တယ်။ ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ဆိုရင်တော့ ပြည့်စုံတယ်ပြောမရပေမဲ့ ဒါရိုက်တာတစ်ယောက်က သူပြချင်တဲ့အမြင်တစ်ခုကို ကောင်းကောင်းပြနိုင်ခဲ့လားဆိုရင်တော့ ပြနိုင်တယ်ပြောရမှာဆိုတော့ ဒီဇာတ်လမ်းကို တစ်ကိုယ်ရေတော့ သဘောကျတယ်။ နိမိတ်ပုံတွေတော့ သိပ်များတယ်လို့ ပြောကြပေမဲ့ လူမို့ရမ္မက်ရှိခဲ့ရင်တော့ ထိန်းကျောင်းခဲ့ဖူးရင်တော့ ဝပ်ဆင်းခဲ့ဖူးရင်တော့ Eyes Wide Shut က နားလည်ရမခက်လှဘူး။ နိုးနေရင်းအိပ်မက်မက်နေတာလား အိပ်မက်ထဲနိုးနေတာလား။ အရှိတရားဖြစ်သည် မဖြစ်သည်။ ဘယ်တစ်ခုကမှ အရေးမကြီးဘူး။ အဓိပ္ပာယ်တစ်ခုခုရှာပြီးသွားရင် မစွန့်လွှတ်လိုက်ဖို့ပဲ။ File size… 3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 39m Genre .....Thriller / Mystery Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်