Body Blow (2025) IMDb Rating (5.2) Aiden Hardwick ဟာ ကလက်ခ်လို့ခေါ်တဲ့ ရဲများ လိင်တူချစ်သူများနဲ့ အရှေ့ပိုင်းစောင့်ရှောက်ရေးအဖွဲ့ကိုအသစ်ရောက်လာတဲ့ လူငယ်ရဲအရာရှိတစ်ယောက်ပါ။ မြေအောက်လောကရဲ့ လက်ပွန်းတတီးနေကြသူတွေပီပီ မူးယစ်ဆေးပြဿနာ၊ အချင်းချင်း လူမှုရေးအရှုပ်အထွေးနဲ့အတိတ်က ရန်ငြိုးတွေ ခြစားမှုတွေနဲ့ဒင်းကြမ်းပြည့်နေတဲ့ နေရာတစ်ခုမှာ ဧဒင်ကတော့ လွယ်လွယ်ပဲနေသားကျသွားခဲ့ပါတယ်။ အဲ့ဒီမြို့ရဲ့အမှောင်ဘက်ခြမ်းထဲကို နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ရင်း Fat Frankie ဆိုတဲ့ မူးယစ်ဂိုဏ်းချုပ် Drag Queen ရဲ့မွေးစားသမီး အမျိုးသားလိင်လုပ်သားလေး ကိုဒီနဲ့ပတ်သက်မိချိန်မှာတော့ ဒီဒုစရိုက်လောကရဲ့ပိုပြီးအတွင်းကျတဲ့ နေရာတစ်ခုဖြစ်တဲ့ရာထူးကြီး ရဲအရာရှိကြီးတွေရဲ့ခြစားမှုတွေ ပဋိပက္ခတွေကြား ရောက်သွားချိန်မှာတော့ သူကိုယ်တိုင်ရုန်းထွက်ဖို့ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကိုချရမယ့် အခြေအနေနဲ့ရင်ဆိုင်တိုးမိပါတော့တယ်။ ဇာတ်လမ်းရဲ့အငွေ့အသက်က 1980 တုန်းကထွက်ခဲ့တဲ့Al Pacino ရဲ့ဇာတ်ကား Cruising နဲ့ဆင်တူပါတယ်။ ဒုစရိုက်လောကထဲကိုထဲထဲဝင်ဝင်စုံစမ်းရင်း ကိုယ်တိုင်လမ်းပျောက်သွားတဲ့အဖြစ်တွေ၊ နီယွန်မီးရောင်အောက်က ကလပ်ဇာတ်ဝင်ခန်းတွေ၊ တစ်ချက်မှားတာနဲ့အသက်ပေးရနိုင်တဲ့ အန္တရာယ်များလှတဲ့ မြေအောက်လောက အကြောင်းတွေဟာ ထပ်တူနီးပါးပါပဲ။ ဝေဖန်ရေးဆရာတွေက အမြင်မတူကြပေမယ့် ကြည့်ကောင်းတဲ့ Thriller ကားတစ်ကားဖြစ်ပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.5 GB) / (900 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Mystery,Thriller Duration…. 01:42:18 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်