Silent Night, Deadly Night (2025) +++++++++++++++ IMDb Rating (6.4) / Rotten Tomatoes (77%) ဒီဇာတ်ကားကတော့ ၁၉၈၄ ခုနှစ်တုန်းက ထွက်ခဲ့ပြီး အရမ်းနာမည်ကြီးခဲ့တဲ့ Horror Slasher ကားဟောင်းကို ၂၀၂၅ ခုနှစ်မှာ အသစ်ပြန်ရိုက်ထားတဲ့ Reboot ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Mike P. Nelson ရိုက်ကူးထားပြီး Rohan Campbell နဲ့ Ruby Modine တို့ အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ++++++++++++ ဇာတ်လမ်းကတော့ Billy Chapman ဆိုတဲ့ ကောင်လေးအကြောင်းပါ။ Billy ဟာ ငယ်ငယ်တုန်းက ခရစ္စမတ်ညမှာ Santa Claus ဝတ်စုံဝတ်ထားတဲ့ လူသတ်သမားတစ်ယောက်က သူ့မိဘတွေကို ရက်ရက်စက်စက် -တ်ဖြတ်သွားတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။ ဒီလိုနဲ့ Billy ကြီးလာတဲ့အခါမှာတော့ အဲဒီ စိတ်ဒဏ်ရာတွေနဲ့အတူ သူ့ခေါင်းထဲမှာ "Charlie" ဆိုတဲ့ အသံတစ်ခုကိုပါ စကြားလာရပါတော့တယ်။ အဲဒီအသံရဲ့ စေခိုင်းမှုနဲ့ Billy ဟာ Santa ဝတ်စုံဝတ်ပြီး "လူဆိုး" စာရင်းဝင်တဲ့ သူတွေကို လိုက်လံရှင်းလင်းပါတော့တယ်။ ပြောရရင်တော့ ရိုးရိုးလူ-တ်သမား မဟုတ်ဘဲ မကောင်းသူပယ်၊ ကောင်းသူကယ်မယ့် ပုံစံမျိုးပေါ့။ သူ့ရဲ့ သွေးစွန်းတဲ့ ခရီးစဉ်တစ်လျှောက် Hackett ဆိုတဲ့ မြို့လေးကို ရောက်သွားပြီး Pam ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံမိတဲ့အခါမှာတော့ အခြေအနေတွေက ပြောင်းလဲသွားပါတယ်။ Pam မှာလည်း အကြမ်းဖက်တတ်တဲ့ ရဲအရာရှိ ရည်းစားဟောင်းတစ်ယောက် ရှိနေတာကြောင့် Billy တစ်ယောက် လူ-တ်တာကို ရပ်မလား၊ Pam ကို ကယ်တင်ဖို့ ဆက်ပြီး -တ်မလားဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။ မူရင်း ၁၉၈၄ ဇာတ်ကားနဲ့ မတူဘဲ ဒီကားမှာက Billy ကို လူဆိုးတွေကိုပဲ ရွေး-တ်တဲ့ Anti-hero ပုံစံမျိုး ခပ်ဆန်းဆန်း ရိုက်ပြထားပါတယ်။ Slasher ကားပီပီ သွေးထွက်သံယိုခန်းတွေ၊ အ-တ်အဖြတ်ခန်းတွေကတော့ အတော်လေး ကြမ်းပါတယ်။ ရိုးရိုးလူ-တ်ကားသက်သက် မဟုတ်ဘဲ နည်းနည်း ထူးခြားဆန်းကြယ်တဲ့ Supernatural အငွေ့အသက်တွေလည်း ပါဝင်နေပါတယ်။။ အရင်ကားဟောင်းကို မကြည့်ဖူးရင်တောင် နားလည်လွယ်သလို၊ Slasher ကားကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့မယ့် ဇာတ်ကားလို့ ဆိုရမှာပါ။ File Size… (1.12GB) / (698MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 36m Genre … Horor Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်