လီယံနယ်ဆန် သရုပ်ဆောင်ထားတဲ့ Michael Collins ဟာ အိုင်ယာလန်လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သူ ခေါင်းဆောင် မိုက်ကယ်ကောလင်းစ်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိဇာတ်ကားပါ။ ဗြိတိသျှအုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားကြတဲ့ကာလမှာ သူ့ရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို တွေ့ရပါတယ်။ မိုက်ကယ်ကောလင်းစ်ရဲ့ ထူးခြားချက်က ပုန်းအောင်းနေခြင်းမဟုတ်ဘဲ လူမြင်ကွင်းထဲမှာ နေရင်း သူဘယ်သူဆိုတာ မသိအောင် ထိန်းထားနိုင်တာပါ။ သူ့ကို ဆုကြေးထုတ်ထားတဲ့ကြားက ဒပ်ဘလင်မြို့ပေါ်မှာ ဝတ်စုံပြည့်နဲ့ စက်ဘီးကို အေးအေးဆေးဆေး စီးသွားနေတတ်တယ်။ ဗြိတိသျှတွေ စစ်ပြေငြိမ်းရေး ကမ်းလှမ်းတဲ့အချိန်အထိ သူ့အကြောင်း ဖုံးကွယ်ထားနိုင်ခဲ့ပုံကိုလည်း ဖော်ပြထားပါတယ်။ သူ့တော်လှန်ရေးလမ်းစဉ်မှာ ပျောက်ကျားစစ်ကို စတင်အသုံးပြုခဲ့ပုံ၊ အိုင်ယာလန်ကို လွတ်လပ်တဲ့ပြည်နယ်အဖြစ် ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်ခဲ့ပုံတို့ ပါဝင်ပါတယ်။ အဲဒီနိုင်ငံရေးကြိုးပမ်းမှုတွေရဲ့ နောက်ကွယ်က ရှုပ်ထွေးမှုတွေနဲ့ ပေးဆပ်ရတဲ့ အရင်းအနှီးတွေကိုပါ ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်