အဆိုးဆုံး ဝရမ်းပြေးတွေကို အကြမ်းဖက် လိုက်ဖမ်းပေးရတဲ့ အဖွဲ့အစည်း US Marshals..... ကား မတော်တဆမှုကနေ တဆင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ အဖမ်းခံလိုက်ရတဲ့ ရှရင်ဒန် ၊ ရှရင်ဒန်ဟာ လူသတ်မှု နှစ်မှုအတွက် အလိုရှိနေတဲ့ အဆင်မြင့် အဖွဲ့အစည်းက ဝရမ်းပြေးတစ်ယောက်ပေါ့ ။ ရှရင်ဒန် ပတ်သက်နေတာ ဘယ်လိုအမှုမျိုးလဲ ။ တရုတ်လက်အောက်က ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ရုန်းကန်နေမှုမှာ အမေရီကန်က ကူညီမှု မှန်သမျှ သတင်းကို တရုတ်ကို ရောင်းစားတဲ့ သူလျှိုအမှုပေါ့ ။ အဲဒိအမှုမှာ ရှရင်ဒန်က အေးဂျင့် နှစ်ယောက်ကို သတ်လိုက်မိတယ် ။ ရှရင်ဒန်ကို ကားမတော်တဆမှု ကနေတဆင့် မိသွားတော့ နယူးယောခ့်ကိုပို့တယ် ။ လမ်းမှာ သူ့ကို နှုတ်ပိတ်အစဖျောက်ချင်တဲ့ အဖွဲ့အစည်းက သတ်ဖို့ ကြိုးစားရင်း လေယာဉ်ပျက်ကျပြီး ရှရင်ဒန် လွတ်မြှောက်သွားတယ် ။ ရှရင်ဒန်ကို ပြန်ဖမ်းမိဖို့အတွက် US Marshals အဖွဲ့ကို တာဝန်ပေးလိုက်တော့တယ် ။ ထို့အတူ အဆင်မြင့်အဖွဲ့အစည်းက အထူးအေးဂျင့် ရွိုင်းလည်း လိုက်ပါလာတယ် ။ US Marshals အဖွဲ့က ခေါင်းတောင် ဆမ် ( မင်းသားကြီး Tommy Lee Jones) နှင့် အထူးအေးဂျင့် ရွိုင်း ( Iron Man မင်းသား Robert Downey Jr ) ကတစ်ဘက် ပြသနာတစ်ခုကို ရှောင်နေတဲ့ လူသတ်ဝရမ်းပြေး ရှရင်ဒန် ( Blade မင်းသား Wesley Snipes ) နဲ့ တရုတ်သူလျှိုတွေ ကြားက ပြသနာကို ကြမ်းကြမ်းရမ်းရမ်း ရိုက်ပြသွားတဲ့ အက်ရှင် ဇာတ်ကြမ်းကောင်း တစ်ကားပါပဲ ။ ဘာသာပြန်ကတော့ Si Thu Htet ဖြစ်ပြီး အညွှန်းကိုတော့ Wai Linn Kyaw မှရေးသားပေးထားတာဖြစ်ပါတယ်) File Size : (900 MB) and (500 MB) Quality : Bluray 720p Running Time : 2hr 11minutes Format : Mp4 Genre : Action, Crime, Thriller Translated By Si Thu Htet Encode By Thanhtike Zaw
ဇာတ်ကားကြည့်ရန်