★ 3.8
ဇာတ်ကား / 2022Breathe Again
ဂျိုအန်းနားရဲ့ သူငယ်ချင်းတွေအားလုံး အိမ်ထောင်ကျကုန်ကြပါပြီ။ သူ့မှာလည်း ခုနစ်နှစ်ကြာ တွဲလာတဲ့ ပါဝလိုဆိုတဲ့ ချစ်သူရှိပေမဲ့ ပါဝလိုက အပေါင်းအသင်းနဲ့ အသောက်အစားကို မက်သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ပါဝလိုက သူ့ကို လက်ထပ်ခွင့်တောင်းပြီး နှစ်ယောက်သား အပန်းဖြေစခန်းတစ်ခုဆီ ခရီးထွက်လာကြတယ်။ လက်ထပ်ခွင့်တောင်းထားပေမဲ့ ပါဝလိုက ကိုယ့်ကို တကယ်အလေးမထားသလို ဂျိုအန်းနား ခံစားလာရပါတယ်။ အဲဒီအချိန်မှာ အသက်အောင့်ရေငုပ်နည်းပြ ရောဘတ်နဲ့ ငြိစွန်းသွားတယ်။ ဂျိုအန်းနားနဲ့ ပါဝလိုတို့ နှစ်ယောက်စလုံး ဖောက်ပြန်နေကြတဲ့အခါ သူတို့ရဲ့အချစ်ရေးက တဖြည်းဖြည်း တစ်ယောက်ကိုတစ်ယောက် ထိခိုက်နာကျင်စေတဲ့ ဆက်ဆံရေးဖြစ်လာပါတယ်။ အချစ်ရေးနဲ့ လိင်ပိုင်းဆိုင်ရာပြကွက်တွေ ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်တဲ့ ဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်