ဇာတ်ကား / 1977Annie HallAnnie Hall ( 1977 )
Annie Hallက ဝူဒီအယ်လန် အော်စကားတွေတန်းစီပြီး ပထမဆုံးခဲ့တဲ့ ရုပ်ရှင်ပါပဲ။ သူ့ရုပ်ရှင်ဒါရိုက်တာဘဝရဲ့
အချိုးအကွေ့တစ်ခုလို့ ပြောလို့ရတယ်။ ဒီရုပ်ရှင်က ရှေ့ရှေ့က သူ့ရုပ်ရှင်တွေရဲ့ တင်ဆက်ပုံနဲ့ ကွဲပြားသွားပြီး
ဥရောပနယူးဝေ့ကနေ ကူးဆက်လာတဲ့ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရွေ့ထဲပါခဲ့တယ်။
Best Picture, Best Directing, Best Actress in a Leading Role, Best Original Screenplay,စတဲ့ အဓိက ဆုကြီးတွေထဲက လေးဆုရခဲ့တယ်။
ဇာတ်လမ်းကတော့ ဝူဒီအယ်လန်ရဲ့ ပုဂ္ဂလိက ဆန်တဲ့အပိုင်းတွေကို စချပြခဲ့တဲ့ ကာလအစဆိုတော့
ဝူဒီအယ်လန်ရဲ့ ပုဂ္ဂလိက ဆန်တဲ့ ရုပ်ရှင်ကားလို့ပြောရမယ်။ အကြောင်းအရာကတော့ Comedianတစ်ယောက်က
သူနဲ့ သူ့အချစ်တွေရဲ့ ပြဿနာကို အဖြေရှာဖို့ သူချစ်ခဲ့သမျှ လူတွေနဲ့ သူနဲ့ကြားက ပြဿနာတွေကို သုံးသပ်ပြသရင်း
သူအဓိကပြချင်တဲ့ သူ့ကောင်မလေးနဲ့ သူနဲ့ဆက်ဆံရေး အခြေအနေကိုပြထားတယ်။
ဝူဒီအယ်လန်ပီသစွာပဲ သရော်လုံးတွေ ထေ့လုံးတွေ အဆင့်ရှိရှိဟာသတွေနဲ့ ဖွဲ့စည်းထားတဲ့
ရိုမန့် ရုပ်ရှင်လို့ပြောလို့ရတယ်။ ဒီရုပ်ရှင်ရဲ့အကောင်းဆုံးအချက်ကတော့ ဒီရုပ်ရှင်ဟာ သိပ်လက်တွေ့ကျနေပြီး
အပြင်က ဆက်ဆံရေးတွေကို ပုံပေါ်တဲ့ တင်ဆက်ပြသမှုမျိုးနဲ့ တင်ပြထားခြင်းပါပဲ။
ခမ်းနားကြီးကျယ်သော အချစ်ဟာ ဘယ်လိုမျိုးလဲ။ ခမ်းနားကြီးကျယ်သော အချစ်ဇာတ်လမ်းဟာ ဘယ်လိုမျိုးလဲ။
ဒီအဖြေကိုတော့ ကျွန်တော်တာကော့စကီးကို ကိုးကားပြီး ပြောရမယ်။ " ခမ်းနားကြီးကျယ်တဲ့
အချစ်ဇာတ်လမ်းတွေ သိတယ်မလား။ ဂန္တဝင်ဇာတ်လမ်းတွေလေ။ နမ်းခန်းတောင်မပါဘူး။
ဘာလို့ဆို ဖွင့်မပြောလိုက်ရတဲ့ ခံစားချက်တွေဟာ ပိုမမေ့ရက်နိုင်စရာကောင်းတာကိုး"တဲ့။
ယတိပြတ်မှန်တယ်ဆိုတာ ဘယ်တော့မှ မရှိတဲ့နောက် ဒီစကားက ပမာဏတစ်ခုအထိ မှန်တယ်။
မှန်တဲ့အခြေအနေလည်းရှိတယ်။ မမှန်တဲ့အခြေအနေလည်းရှိတယ်။ ခမ်းနားကြီးကျယ်သော
အချစ်ဇာတ်လမ်းတွေမှာလည်း ဒီလိုပဲ။ ခမ်းနားကြီးကျယ်တဲ့ အချိန်တွေလည်းရှိတယ် ။ မခမ်းနားမကြီးကျယ်တော့တဲ့
ဖန်တရာတေ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားတဲ့ အချိန်တွေလည်းရှိတယ်။ အချစ်တစ်ခုရဲ့အစနဲ့အဆုံးကို
ကောက်ကြည့်လိုက်ရင် ဒီ၂ခုလုံးကို ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်။ ရှင်သန်ခြင်းထဲက ကျန်တဲ့အရာတွေလိုပဲပေါ့။
ဒါဆို အချစ်ကို ဘာက အဓိပ္ပာယ်ရှိစေတာလဲ။
အန်နီဟောမှာ ဆက်ဆံရေးကို ခမ်းနားကြီးကျယ်တဲ့ဆီကနေ ယုတ်လျော့ခြင်းကိုမသွားဘူး။ ယုတ်လျော့သွားတဲ့
အချစ်ကနေ ခမ်းနားကြီးကျယ်တဲ့အချစ်ဆီ ပြန်လာတယ်။ ဒီခမ်းနားကြီးကျယ်တဲ့အချစ်ဟာ ဘာဖြစ်သွားတာလဲ
ဝူဒီအယ်လန်က အဖြေပြန်ရှာဖို့လုပ်တယ်။ လူတစ်ယောက်ရဲ့ လက်ရှိအချစ် ဖလော်ဆော်ဖီ ဘယ်လိုဖြစ်လာလဲသိဖို့ဆို
လက်ရှိတည့်တည့်နဲ့ ဘယ်တော့မှ မလုံလောက်ဘူး။ ရှေ့ရှေ့က ကျွန်တော်တို့ကို ပုံသွင်းပေးသွားတဲ့ ချစ်ခြင်းတွေဆီလည်း
ပြန်ခြေရာကောက်ဖို့လိုတယ်။ ဒီအချစ် ဘာဖြစ်သွားလဲသိဖို့ ဝူဒီအယ်လန်က ရှေ့ရှေ့က အချစ်တွေဆီ ခြေရာပြန်ကောက်တယ်။
ကောင်းတဲ့အချစ်ကလည်း မကိုက်ခဲ့ဘူး။ မကောင်းတဲ့အချစ်ကလည်း မကိုက်ခဲ့ဘူး။ ကိုက်ညီတဲ့အချစ်တစ်ခုလိုတာပေါ့။
ဒါမှမဟုတ် အချစ်ကို ကိုယ်က နားလည်ဖို့လိုတာလည်း ဖြစ်နိုင်တယ်။ ကံဆိုးချင်တော့ နားလည်သွားတဲ့အချိန်မှာ အချစ်က မရှိတော့တာလည်း ဖြစ်နိုင်တယ်။
မှတ်မိနေတဲ့နေ့တွေကို မမှတ်မိတော့တဲ့မျက်ရည်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ အမျိုးအမည်တပ်မရတဲ့
ခံစားချက်တစ်ခုက ပြန်လာတယ်။ ဘဝနဲ့ပတ်သက်ပြီး ကျွန်တော့်သီအိုရီတစ်ခုက ဖြတ်သန်းဖူးသမျှနေ့တွေကို
မကောင်းခြင်းတစ်ခုအဖြစ် ခေါင်းစပ်တပ်ဖို့ အတွေးအခေါ်ရှိနေသရွေ့တော့ အဲဒီဘဝက ဘယ်တော့မှ
တန်တဲ့ဘဝတစ်ခု ဖြစ်မလာနိုင်ဘူး။ ကမ္ဘာမှာ အများကြီး သိဖို့မလိုပါဘူး။ အနုပညာမှာ သီအိုရီပေါင်းများစွာရှိတယ်မလား။
ခင်ဗျား ဘာတစ်ခုမှ သိဖို့မလိုဘူး။ အဲဒီသီအိုရီတွေရဲ့ ဦးအစလို့ ပြောကြတဲ့လူတွေလည်း အဲဒီသီအိုရီတွေကို မသိခဲ့ကြဘူး။
ဖြတ်သန်းမှုတစ်ခုကို အကောင်းဆုံး ဖြတ်သန်းသွားခဲ့ကြတာလဲ ဖြစ်နိုင်တယ်။ ဂီတအမျိုးအစားပေါင်းက မျိုးတူပုံကွဲတွေကို
ထည့်ရေရင် သောင်းဂဏန်းကျော်တယ်။ ခင်ဗျား ဘာတစ်ခုမှ သိဖို့မလိုပါဘူး။ သီချင်းတစ်ပုဒ်ကို အရသာရှိရှိနားထောင်တတ်ရင်
ခင်ဗျားအတွက် တန်ပြီ။ အဓိပ္ပာယ်ပေါင်းများစွာနဲ့ ဖွင့်ဆိုကြတဲ့ အချစ်ဆိုတာမှာလည်း ခင်ဗျား ဘာတစ်ခုမှသိဖို့ မလိုပါဘူး။
ချစ်ဖူးသမျှ ချစ်ခဲ့သမျှက မမှားဘူး။ လွမ်းမောစရာကောင်းတယ်။ တန်တယ်လို့ မြင်နိုင်ရင်ကို ဘဝက တန်သွားပါပြီ။
အများကြီးသိဖို့မလိုတဲ့ သေသေချာချာနေကြည့်လိုက်ရင်ကို တန်နေတဲ့ကမ္ဘာပေါ့။
File size… 3.4 GB / 1.2 GB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 33m
Genre ..... Comedy/Drama
Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်