ဘာသာတရားတိုင်းလိုလိုဟာ ငြိမ်းချမ်းမှုကို အခြေခံပေမယ့် အစွန်းရောက်သွားတဲ့အခါမှာဆိုရင်တော့ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာပြီး ဆန့်ကျင်ဘက်ဖြစ်တဲ့ မငြိမ်းချမ်းမှုကို ဦးတည်သွားတတ်ပါတယ်။ ဘာသာရေးပွတ်တိုက်မှုတွေဟာ ဟိုအရင်ကတည်းက ရှိခဲ့ပြီး လက်ရှိခေတ်မှာလည်း ကမ္ဘာ့နေရာတချိုက ဖြစ်ပွားနေဆဲပါ။ ဒီဇာတ်ကားလေးကတော့ နတ်ကိုးကွယ်တဲ့ ဘာသာရေးအစွန်းရောက်တွေ နေတဲ့ကျွန်းပေါ်ကို တစ်ယောက်တည်း ရောက်သွားတဲ့ ရဲတပ်ကြပ်တစ်ယောက်ကို ဦးတည်ရိုက်ကူးထားပြီး ဘာသာရေးအစွန်းရောက်တွေကြားမှာ ဘယ်လိုဒုက္ခတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Horror Vibe နဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဟောင်းဝီဆိုတဲ့ ရာအရာရှိဟာ ဆမ်းမားရိုက်စ်ဆိုတဲ့ ကုန်းမကြီးနဲ့ ဝေးတဲ့ ကျွန်းလေးတစ်ကျွန်းဆီ ရောက်သွားခဲ့ပါတယ်။ ရောက်သွားရတဲ့အကြောင်းအရင်းကတော့ ကလေးပျောက်မှုအတွက် စုံစမ်းစစ်ဆေးဖိုဖြစ်ပြီး ရွာသားတွေကတော့ အဆိုပါ ကလေးမလေးကို မသိဘူးလို ငြင်းကြပါတယ်။ ဒါပေမဲ့ ဟောင်းဝီဟာ အလုပ်ကြိုးစားတဲ့ ကိုလှရွှေပီပီ မရရအောင် စုံစမ်းစစ်ဆေးရင်း ကျွန်းပေါ်မှာ ဘာသာရေးအစွန်းရောက်ဝါဒီတွေ ဖြစ်နေမှန်း သိလိုက်ရပါတယ်။ ကလေးမလေးကိုလည်း ယဇ်ပူဇော်လိုက်တယ်လို ကောက်ချက်ချပြီး တစ်ကျွန်းလုံးနဲ့ ကိုလှရွှေတစ်ယောက် ရူးမတတ် စုံစမ်းရပါတယ်။ ကလေးမလေးရဲ့ အမေဖြစ်သူကိုယ်တိုင် ကလေးမလေးဟာ မရှိခဲ့ဘဲ ကိုလှရွှေကသာ မှားနေကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဟောင်းဝီဟာ ကြိုးစားစုံစမ်းရာကနေ ကလေးမလေးကို ဖမ်းဆီးထားတယ်လို သိလိုက်ရပါတယ်။ ကိုလှရွှေ ဟောင်းဝီအနေနဲ့ ကလေးမလေးကို ရှာတွေ့သွားမှာလား။ အစွန်းရောက်နေတဲ့ ကျွန်းကြီးကိုရော ဘယ်လိုကယ်တင်မှာလဲ။ ကယ်တင်ဖို အခွင့်အရေးရှိပါ့မလား။ စတဲ့ မေးခွန်းတွေအပြည့်နဲ့ Horror ဇာတ်လမ်းကောင်းလေး ဖြစ်တယ်လို ညွှန်းလိုက်ချင်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်