The Map That Leads to You (2025) 4K HEVC ++++++++++++++ ဒီတစ်ခေါက်မှာတော့ နူးညံ့နွေးထွေးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဟယ်သာ၊ ကော်နီနဲ့ အေမီတို့သူငယ်ချင်း ၃ယောက်ဟာ အမေရိကားကနေ ဥရောပကို ခရီးထွက်လာခဲ့ကြသူတွေပါ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ဆောင်ကတော့ ဟယ်သာဖြစ်ပြီး သူက အရာရာကို planချပြီးမှ လုပ်ကိုင်လေ့ရှိသူတစ်ဦးပါ။ သူတို့ သူငယ်ချင်း ၃ယောက် ဘာစီလိုနာကိုသွားတဲ့ ညအိပ်ရထားပေါ်မှာ ဟယ်သာဟာ ဂျက်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ဂျက်ကတော့ ဟယ်သာနဲ့ လုံးဝကို အကျင့်စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်ပြီး အရာရာကို ဘာplanမှမချပဲ ပစ္စုပ္ပန်ကိုသာပျော်မွေ့သူပါ။ ဂျက်က သူ့အဘေး အမွေချန်ထားခဲ့တဲ့ ဥရောပခရီးသွားမှတ်တမ်းစာအုပ်အတိုင်း ဥရောပကနေရာအနှံ့ကို ခြေဦးတည့်ရာခရီးထွက်နေတာဖြစ်ပါတယ်။ ဘာမဆို အစီအစဉ်တကျပဲလုပ်တတ်တဲ့ ဟယ်သာနဲ့ အစီအစဉ်တွေကိုမကြိုက်တတ်တဲ့ ဂျက်တို့ ဒီခရီးမှာ ရေစက်ဆုံရင်း တစ်ဦးနဲ့တစ်ဦး သဘောကျသွားပါတော့တယ်။ ဒါပေမဲ့လည်း အချစ်ဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း ဝေးကွာရမဲ့ အလှည့်အပြောင်းတွေကို ကြုံလာရတဲ့အခါ ဟယ်သာနဲ့ ဂျက်တို့ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒါ့အပြင် ဥရောပတစ်ခွင်က ရှုခင်း အလှအပတွေကိုပါ တစ်ဝကြီး ကြည့်ရှုရဦးမှာဖြစ်ပြီး ဂျက်နဲ့ ဟယ်သာတို့ နောက်ဆုံးမှာ ပေါင်းဖက်သွားနိုင်ကြမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size… (6.27GB)/ (1.87GB) / (996MB) Quality… WEB-DL 4K HEVC/1080p HEVC /720p Format…mkv / mp4 Duration…1h 36m Genre ….Drama , Romance Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်