Criminal Law (1989) IMDB : 5.7 Rotten Tomatoes : 30% Genre : Crime / Thriller ဘန် (Gary Oldman) ဆိုတဲ့ ရှုံးပွဲမရှိ၊ မာနခပ်ကြီးကြီး ရှေ့နေပေါက်စတစ်ယောက်ပါ။ သူက မာတင် (Kevin Bacon) ဆိုတဲ့ ချမ်းသာပြီး ဆွဲဆောင်မှုရှိတဲ့ သူဌေးသားလေး လူသတ်မှုနဲ့ စွပ်စွဲခံရတာကို အမှုနိုင်အောင် ရှေ့နေလိုက်ပေးလိုက်တယ်။ ပြဿနာက အမှုလည်းနိုင်ရော၊ သူ့အမှုသည် မာတင်က တကယ့် လူသတ်ကောင်စစ်စစ်ကြီး ဖြစ်နေတာကို ဘန်တစ်ယောက် သိလိုက်ရပါတော့တယ်။ ပိုဆိုးတာက မာတင်က နောက်ထပ် လူတွေဆက်သတ်နေပြီး ဘန်ကိုပါ ရှေ့နေအဖြစ် ဆက်ငှားထားတော့၊ ရှေ့နေကျင့်ဝတ် (Attorney-client privilege) အရ ဘယ်သူ့ကိုမှလည်း သွားတိုင်လို့မရ၊ ထုတ်ပြောလို့မရ ဖြစ်နေရော။ ဒီလိုနဲ့ အကျပ်ရိုက်နေတဲ့ ဘန်တစ်ယောက် လူသတ်သမားကို ဥပဒေဘောင်ထဲကနေ ဘယ်လို ထောင်ချောက်ဆင် ဖမ်းမိအောင် လုပ်မလဲဆိုတာကို ကြောင်နဲ့ကြွက် ကစားသလို ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။
ဇာတ်ကားကြည့်ရန်