Christopher Robin ရဲ့ Pooh တို့ squad လေး ပြန်လာပါပြီ ဇာတ်ကြောင်းလေးမပြောခင် Pooh ရဲ့ နောက်ခံဇာတ်ကြောင်းလေး ပြောပြချင်ပါတယ် Pooh ဇာတ်လမ်းကို ဖန်တီးခဲ့တဲ့ A.A Milne ဟာ သားဖြစ်သူ Christopher Robin Milne ရဲ့ teddy bear အရုပ်လေးကိုတွေ့ပြီး ဖန်တီးခဲ့တာပါတဲ့ Winnie ဆိုတဲ့ နာမည်လေးကတော့ Christopher Robin တိရစ္ဆာန်ဥယျာဉ်သွားရင်း တွေ့ခဲ့တဲ့ Winnie ဆိုတဲ့ Black bear လေးကိုစွဲပြီး သူ့ရဲ့ teddy bear လေးကိုလည်း Winnie လို့ အမည်ပေးခဲ့တာပဲဖြစ်ပါတယ် Pooh အပြင် squad လေးထဲမှာ ပါနေကျဖြစ်တဲ့ Piglet,Eeyore,Kanga,Roo နဲ့ Tigger တို့ဟာလည်း Christopher Robin ရဲ့ အရုပ်လေးတွေကို ပေါင်းစည်းပြီး ဖန်တီးထားတာပဲဖြစ်ပါတယ် Rabbit နဲ့ Owl ကတော့ ဖန်တီးသူရဲ့ စိတ်ကူးထဲ ဇာတ်ကောင်လေးတွေပါ ဒီတစ်ခေါက်ဇာတ်လမ်းအကျဉ်းပြောရရင် Eeyore ရဲ့ အမြီးလေး ပျောက်သွားတာကနေ စရမှာပါ အဲ့ကနေမှ တစ်ဆင့် Pooh တို့ ဘယ်လိုအလွဲတွေ လုပ်ကြဦးမလဲဆိုတာ ကြည့်ရှုရဦးမှရပါ သီချင်း ကဗျာလေးတွေနဲ့ ချစ်စရာ ကာတွန်းကားလေးဆိုတော့ ကိုယ့်ကောင်မလေးတွေကို မျက်နှာလုပ်ပြီးပို့ပေး ညွှန်းပေးလို့ရပါတယ် (ဤကား စကားချပ်) ဒီလိုဆိုလို့ FA တွေလည်း ဝမ်းမနည်းစေချင်ပါ ဒေါင်းပေးမယ့်သူမရှိလည်း ကိုယ့်ဘာကိုယ်ဒေါင်းပြီး အိမ်က တူ တူမ ကလေးတစ်သိုက်ကို ပြလို့ရပါသေးတယ်ဗျ ။ ( အညွှန်းကောင်းကောင်းလေးရေးထားသူကတော့ Amelia ပါ ) Quality__1080P IMDb Rating__7.2/10 Format__mp4 Duration__01:00:00 Type__Adventure , Animation , Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Amelia Encoded by Naing Aung Latt
ဇာတ်ကားကြည့်ရန်