Hidden Figures (2016) IMDB: 7.8 Rotten Tomatoes : 93% Genre : History / Drama Hidden Figures (2016) ဟာ Margot Lee Shetterly ရဲ့ Biological Drama စာအုပ်ကို အသက်သွင်းထားတဲ့ ဒါရိုက်တာ Theodore Melfi ရဲ့ သမိုင်းနောက်ခံ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ တော်တော်လေးကိုကြည့်လို့ကောင်းပြီး ကြက်သီးထရလောက်အောင်ဖြစ်စေတဲ့ ရုပ်ရှင်တစ်ခုဆိုလည်းမမှားပါဘူး။ အမေရိကန်နိုင်ငံ NASA ရဲ့အစောပိုင်း အာကာသပရိုဂရမ်များမှာ အဓိကနေရာကနေ ပါဝင်ခဲ့ရတဲ့ လူမည်းအမျိုးသမီး သုံးယောက်ဖြစ်တဲ့ Katherine Johnson Dorothy Vaughan Mary Jackson တို့အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ သမိုင်းနောက်ခံ ၁၉၆၀ ဝန်းကျင်ဟာ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ဟာ အာကာသလေ့လာရေးမှာ မှတ်ကျောက်ထူနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားခဲ့တဲ့ နှစ်များဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုဟာ အမေရိကန်ထက်စောပြီး Sputnik အာကာသယာဉ်ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး အမေရိကန်ထက် နှာတစ်ဖျားသာခဲ့ပါတယ်။ အမေရိကန်က ၁၉၆၂ မှာ ကမ္ဘာပတ်လမ်းကို ပတ်ပြပြီး ဆိုဗီယက်ပြည်ထောင်စုကို တုန့်ပြန်ခဲ့ပါတယ်။ ၁၉၆၀ ဆိုတာ လူမည်းတွေအတွက် နေလို့ကောင်းတဲ့နှစ်တော့မဟုတ်ပါဘူး။ လူမျိုးရေးခွဲခြားတာတွေက အမြင့်ဆုံးမှာရှိနေပြီး Jim Crow laws ရှိနေတဲ့ကာလလည်းဖြစ်ပါတယ်။ Jim Crow laws ဆိုတာကတော့ အလုပ်၊ ကျောင်း၊ အစရှိတဲ့နေရာတွေမှာ လူဖြူ၊ လူမည်းခွဲခြားကာ ဆက်ဆံတဲ့ ဥပဒေဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် အိမ်သာတောင် လူမည်းတွေက သီးသန့်သွားတက်ရပါတယ်။ NASA မှာတောင်မှ လူမည်းများဟာ “Colored Computers” ဆိုပြီး သက်သက် အတွက်အချက်တွေပြုလုပ်ခဲ့ရပါတယ်။ ဘယ်လောက်တော်တဲ့ သင်္ချာသမားဖြစ်ပါစေ အင်ဂျင်နီယာကြီးဖြစ်နေပါစေ ဥပဒေက ဖိနှိပ်ထားလို့ လူမည်းတွေအောင်မြင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီထဲမှာ အာဂအမျိုးသမီးသုံးယောက်ဖြစ်တဲ့ Katherine Johnson Dorothy Vaughan Mary Jackson တို့တော့မပါခဲ့ပါဘူး။ အရာအားလုံးမှာ ပထမဆိုတာရှိပါတယ်။ အာကာသကို ပထမဦးဆုံးရောက်ခဲ့တဲ့လူ၊ လပေါ်ကို ပထမဦးဆုံးဆင်းသက်နိုင်ခဲ့တဲ့လူ အစရှိသဖြင့်ပေါ့။ ဒီအာဂအမျိုးသမီးကလည်း သမိုင်းကိုပြောင်းပြန်လှန်ခဲ့တဲ့ ပထမဦးဆုံးသော လူမည်းအမျိုးသမီးများဖြစ်ပါတယ်။ Mary Jackson ဟာ NASA ရဲ့ ပထမဦးဆုံး လူမည်းအမျိုးသမီးအင်ဂျင်နီယာဖြစ်လာခဲ့တယ်။ Dorothy Vaughan ဟာ NASA ရဲ့ ပထမဦးဆုံး လူမည်းအမျိုးသမီး အကြံပေးဖြစ်လာခဲ့တယ်။ Katherine Johnson ကတော့ ဆိုဗီယက်ပြည်ထောင်စုကို အမေရိကန်အနေနဲ့ “မင်းတို့လောက်ကတော့ ငါတို့လည်းလုပ်နိုင်တယ်” ဆိုပြီး သက်သေပြခဲ့တဲ့ ဗိုလ်မှူးကြီး John Glenn ရဲ့ စစ်ဆင်ရေးအောင်မြင်မှုရဲ့ အခရာဖြစ်လာခဲ့ပါတယ်။ ဇာတ်ညွှန်း Katherine Johnson ဟာမွေးကတည်းက သင်္ချာအသိအမြင်နဲ့မွေးလာခဲ့တာပါ။ သင်္ချာနဲ့ပတ်သက်လာရင် သူဟာ Genius ပါပဲ။ သူ့မှာပြစ်ချက်သုံးခုပဲရှိတယ်။ ၁။ လူမည်းဖြစ်နေတာ ၂။ အမျိုးသမီးဖြစ်နေတာ ၃။ ၁၉၆၀ ဝန်းကျင်မှာမွေးဖွားလာခဲ့တာ ဒါတွေအားလုံးက အပြစ်ရယ်လို့မဟုတ်ဘူး။ ပတ်ဝန်းကျင်က အပြစ်တစ်ခုလိုမျိုးဖြစ်အောင် ဥပဒေဆိုတဲ့အရာနဲ့ စိတ်ထဲကိုရိုက်သွင်းထားတာ။ ဒါပေမဲ့ ဒါတွေကြောင့်တော့ Katherine Johnson ကလက်မလျှော့ခဲ့ဘူး။ သူ့မှာ မိတ်ဆွေနှစ်ယောက်ရှိတယ်။ အထက်မှာဖော်ပြခဲ့တဲ့ နှစ်ယောက်။ သူတို့သုံးယောက်လုံးက NASA မှာ မတူတဲ့ တာဝန်တွေကိုထမ်းဆောင်နေတဲ့လူ။ လူမည်းဖြစ်နေလို့ အိမ်သာတောင် နာရီဝက်လောက်သွားပြီးတက်ရတဲ့ အခြေအနေမျိုးဖြစ်နေတဲ့ကာလမလို့ သူတို့သုံးယောက်အတွက် အရာအားလုံးက အဆင်မပြေခဲ့ပါဘူး။ သူတို့ သုံးယောက် ဒါတွေကို ဘယ်လိုမျိုး အံတုပြီး သမိုင်းကိုပြောင်းပြန်လှန်ခဲ့လဲဆိုတာကို ကြက်သီးထရလောက်အောင်ကောင်းတဲ့ သရုပ်ဆောင်ကွက်တွေ ရိုက်ကွက်တွေနဲ့ခံစားကြည့်လိုက်ကြပါ။ Katherine Johnson အဖြစ်မင်းသမီး Taraji P. Henson Dorothy အဖြစ်မင်းသမီး Octavia Spencer Mary အဖြစ် မင်းသမီးချောလေး Janelle Monáe NASA အာကာသခေါင်းဆောင်အဖြစ် မင်းသား Kevin Costner ဗိုလ်မှူးကြီး John Glenအဖြစ် မင်းသား Glen Powell Vivian အဖြစ် မင်းသမီး Kirsten Dunst အင်ဂျင်နီယာခေါင်းဆောင်အဖြစ် မင်းသား Jim Parsons Jim အဖြစ် မင်းသား Mahershala Ali တို့က အားဖြည့်ထားတာမလို့ Cast အနေနဲ့က အပြစ်ပြောစရာကိုမရှိပါဘူး။ ခံစားကြည့်လိုက်ကြပါ။ File Size : 1.7 GB / 1 GB Quality : BluRay 1080p / 720p Running Time : 2h 7min Format : Mp4 Genre : Biography, Drama, History
ဇာတ်ကားကြည့်ရန်