သိုင်းကားကြမ်းကြမ်းတွေ မှော်ဆန်တာတွေမှကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် Blade of wind ဆိုတဲ့ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီနော် ဇာတ်လမ်းအညွှန်းလေးအနေနဲ့ - မကြာသေးမီက သိုင်းလောကထိပ်သီးဂိုဏ်းတွေရဲ့ ဂိုဏ်းသားတွေ လူမဟုတ်မြွေမဟုတ်တဲ့ မကောင်းဆိုးဝါးကြီးတွေနဲ့တွေ့ပြီး မကြာခဏအသေအပျောက်တွေရှိလာပါတယ် ။ ဒီမြွေလူသားဆိုတဲ့အကောင်တွေကလည်း ပေတူပြည်ပျက်သုဉ်းပြီးကတည်းကပျောက်ဆုံးနေတဲ့အကောင်တွေပါ ဒါပေမဲ့ရုတ်တရက်ဆိုသလို သိုင်းလောကထဲပြန်ပေါ်လာခဲ့ပါတယ် ။ ဒါကိစ္စကိုဖြေရှင်းဖို့အတွက် မော်တောက်ဂိုဏ်းက အတော်ဆုံးတပည့်မ , ယာချင်းကို တောင်အောက်ဆင်းပြီး တခြားဂိုဏ်းတစ်ခုကို စာပို့ပေးဖို့ ဆရာဖြစ်သူကခိုင်းစေလိုက်ပါတယ် တပည့်ဖြစ်သူယာချင်း အဲဒီဂိုဏ်းကိုရောက်သွားချိန်မှာ အဲဒီဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်သူကပါမြွေလူသားအဖြစ်ပြောင်းလဲနေတာကိုအမှတ်မထင်သိလိုက်ရပါတယ်။ ဒါ့အပြင်သူ့ဆရာသူ့ကိုပေးလိုက်တဲ့စာက ဘာကြောင့်မှန်းမသိ တစ်ဖက်ဂိုဏ်းသားတွေကိူစိတ်တိုစေပြီး သူ့ကိုပါမဆီမဆိုင်ဖမ်းကြဖို့လုပ်လာတဲ့အခါမှာတော့... ကဲပရိသတ်ကြီးရေ မြွေလူသားတွေရဲ့တကယ့်ဇစ်မြစ်ကဘယ်လိုဖြစ်မလဲ ယာချင်းတစ်ယောက်ဘုမသိဘမသိ လိုက်သတ်ခံရပြီးထွက်ပြေးရင်း သူ့လိုလိုက်အသတ်ခံနေရတဲ့ ကောင်မလေး၂ယောက်နဲ့ဘယ်လိုတွေဆုံတွေ့ရမလဲ? တကယ့်သိုင်းလောကနောက်ကွယ်က လက်သည်ကဘယ်သူဖြစ်နေမလဲဆိုတာကို ဇာတ်ကားလေးထဲမှာပဲစိတ်ဝင်စားဖွယ်စောင့်ကြည့်လိုက်ပါအုံးနော် Filesize : 1.57 GB / 876 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်