ဒီတစ်ခါပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ ဘာသာရေးနှီးနွယ်တဲ့ အိန္ဒိယခေတ်ပေါ်အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဒဏ္ဍာရီဆန်ဆန်အကြောင်းတွေကို ရောသမမွှေပြီး လက်ရှိခေတ်နဲ့ရောစပ်ဇာတ်လမ်းဆင်ပြီးတော့ စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးထားပါတယ်။ တာဗိုင်ဆိုတာ နိုပင်လယ်ဝဲဂယက်ထဲကနေ လက်ရှ်မီးမယ်တော်ထက်အရင်မွေးလာတဲ့ လက်ရှ်မီးမယ်တော်ရဲ့အမြွှာအစ်မ ဒုက္ခတိုရဲ့နတ်ဘုရား အလက်ရှ်မီးဖြစ်ပါတယ်။ ၁၈၈၀ ခုနှစ်လွန်ကာလတုန်းက အတ္တကြီးပြီး ရက်စက်တဲ့ မဟာရာဂျာတစ်ပါးရဲ့ ယုတ်မာမှုတွေကြောင့် ဆစ်ဒ်ပူရ်ရွာလေးဟာ တာဗိုင်ရဲ့ ပြင်းထန်တဲ့ကျိန်စာသင့်ခဲ့ပါတယ်။ အဲဒီကျိန်စာကြောင့် မဟာရာဂျာမိသားစုဟာ မျိုးဆက်တစ်ခုပြီးတစ်ခု အဆိုးတွေကြုံရပြီး ဆစ်ဒ်ပူရ်ရွာလေးဟာလည်း မိုးခေါင်ရေရှားဒုက္ခတွေကြုံနေရပါတယ်။ ဘယ်နည်းလမ်းနဲ့ကြိုးစားစား အဆင်ပြေမလာတဲ့ နောက်ဆုံးမှာတော့ ပရာမန်ဒရာဆိုတဲ့ မဟာရာဂျာမျိုးဆက်က သူ့မိသားစုနဲ့ ရွာလေးကို ပျက်စီးခြင်းကနေ ကယ်တင်ဖိုအတွက် ဒီမျိုးရိုးကျိန်စာဆိုးရဲ့ နောက်ကွယ်က လျှိဝှက်ချက်တွေကို ဖော်ထုတ်ဖြေရှင်းဖို ကြိုးစားရပါတော့တယ်။ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားကြည့်ရန်