★ 6.6
ဇာတ်ကား / 2021Potato Dreams of America
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး ပြန်လည်ထူထောင်နေတဲ့ကာလမှာ လီနာနဲ့ သူ့သား Potato တို့ဟာ Vladivostok မြို့မှာ နေထိုင်ကြပါတယ်။ ရေပြတ်၊ မီးပြတ်မှုတွေနဲ့ ကြုံနေရတဲ့အပြင် ရှေးရိုးစွဲအယူအဆတွေ အားကောင်းပြီး လိင်စိတ်ကွဲပြားသူတွေ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံရတဲ့ ပတ်ဝန်းကျင်မှာ သားအမိနှစ်ယောက် နေကြရတာပါ။ Potato က အမေရိကန်ရုပ်ရှင်တွေကို နှစ်သက်ပြီး အမေရိကန်မှာပဲ နေချင်နေသူပါ။ လီနာကလည်း ရုရှားမှာ ဆက်နေရင် သားရဲ့အနာဂတ် ပျောက်သွားမှာကို စိုးရိမ်နေတယ်။ ဒါကြောင့် အမေရိကန်ကို ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရုရှားနဲ့ အမေရိကန်လူ့အဖွဲ့အစည်းတွေအကြောင်း၊ LGBTQ+ တွေရဲ့အကြောင်းကို ထည့်သွင်းထားတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအခြေခံ ဟာသဒရာမာဖြစ်ပြီး လီနာတို့သားအမိ အမေရိကန်ကို ရောက်အောင် ဘယ်လိုသွားကြမလဲဆိုတဲ့အကြောင်း ဆက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်