ဂါလီဗာဟာ သူအရင်က ရောက်ဖူးပြီး အကူအညီပေးခဲ့ဖူးတဲ့ နိုင်ငံတစ်ခုဆီ နှစ်ပေါင်းလေးဆယ်အကြာမှာ ပြန်ရောက်လာပါတယ်။ ရှေးလူကြီးတွေရဲ့ဟောကိန်းအတိုင်း အချိန်ကိုက်ပြန်လာတာဖြစ်ပေမယ့် နိုင်ငံသားတွေကတော့ သူ့ကိုမြင်ပြီး အံ့ဩနေကြတယ်။ သူတို့ရဲ့သမိုင်းမှတ်တမ်းထဲမှာ ဂါလီဗာက ဧရာမလူဘီလူးကြီးဖြစ်ပေမယ့် အခုရောက်လာသူက သူတို့နဲ့ အရွယ်အစားတူတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေလို့ပါ။ ကိုယ့်ကိုယ်ကိုယ် ဂါလီဗာလို့ ဘယ်လောက်ပဲ ပြောနေပါစေ နိုင်ငံသားတွေက မယုံကြဘူး။ သူတို့တစ်သက်လုံး သိထားတဲ့ပုံနဲ့ မတူတာကြောင့် အယောင်ဆောင်သူလို့ သတ်မှတ်လိုက်ကြပြီး ဂါလီဗာလည်း ကွပ်မျက်ခံရမယ့် အခြေအနေထိ ရောက်သွားပါတယ်။ ကွပ်မျက်ခံရခါနီးမှာပဲ အဲဒီနိုင်ငံဟာ စစ်အင်အားနဲ့ ဝင်ရောက်သိမ်းပိုက်ခံရမယ့် အန္တရာယ်ကို ကြုံလာရတယ်။ ဒီအခါ အယောင်ဆောင်လို့ စွပ်စွဲခံထားရတဲ့ ဂါလီဗာနဲ့ နိုင်ငံသားတွေ ပူးပေါင်းပြီး တိုက်ပွဲဝင်ကြရပါတော့တယ်။ ဒီကာတွန်းရုပ်ရှင်မှာ ဂါလီဗာရဲ့ စွန့်စားခန်းတွေနဲ့ အက်ရှင်အပြင် ဟာသအဖြစ်အပျက်တွေလည်း တွဲပါလာပါတယ်။
ဇာတ်ကားကြည့်ရန်