ဘာဂါလိုက်ရှာတာတွေ၊ ထောင်ဖောက်တာတွေ ကြုံခဲ့ရပြီးနောက် ဟာရိုးနဲ့ ကူးမားတို့ ကိုယ်စီချစ်သူရပြီး ငြိမ်သက်သွားကြပါတယ်။ ခြောက်နှစ်ကြာလာတော့ ဟာရိုးက အိမ်ထောင်ကျနေပြီ။ အလုပ်ကို ကြိုးကြိုးစားစားလုပ်၊ မကောင်းတဲ့အကျင့်တွေကို ရှောင်ပြီး ရိုးရိုးသားသားနေတဲ့ မိတ်ဆွေတစ်ယောက်နဲ့ပဲ ပေါင်းနေတယ်။ ဇနီးနဲ့အတူ ကလေးရဖို့လည်း ကြိုးစားနေပါတယ်။ ကူးမားကတော့ ဆေးခြောက်ဆက်သုံးနေဆဲဖြစ်ပြီး ချစ်သူနဲ့ လမ်းခွဲထားတာလည်း ကြာပြီမို့ ဘဝကို ဖြစ်သလိုပဲ ဖြတ်သန်းနေတယ်။ ခရစ်စမတ်ရောက်လာတဲ့အခါ နှစ်ယောက်စလုံးမှာ ကိုယ်စီပြဿနာတွေ ရှိလာပါတယ်။ ယောက္ခထီးရဲ့ စိတ်တိုင်းကျဖြစ်ချင်တဲ့ ဟာရိုးက ခရစ်စမတ်သစ်ပင် အလှဆင်ဖို့ တာဝန်ယူထားရတယ်။ ကူးမားဆီကိုတော့ ချစ်သူက ကိုယ်ဝန်ရှိနေတဲ့အကြောင်း လာပြောပေမယ့် သူက မူးနေတဲ့အတွက် သေသေချာချာ မတုံ့ပြန်နိုင်ဘူး။ ဒါကြောင့် ချစ်သူလည်း စိတ်ပျက်ပြီး ပြန်ထွက်သွားပါတယ်။ ဒီအတောအတွင်း ဟာရိုးနာမည်နဲ့ အထုပ်တစ်ထုပ်က ကူးမားဆီ ရောက်လာလို့ သူကိုယ်တိုင် သွားပို့ပေးပါတယ်။ အဲဒီလို ပြန်ဆုံကြရာက ဟာရိုးရဲ့ ယောက္ခထီး ရှစ်နှစ်ကြာ ပျိုးထားတဲ့ ခရစ်စမတ်သစ်ပင်ကြီး ကူးမားကြောင့် မီးလောင်သွားတော့တယ်။ နှစ်ယောက်သား ညတွင်းချင်း အစားထိုးစရာသစ်ပင်တစ်ပင် ရအောင် လိုက်ရှာကြရပြီး လမ်းမှာလည်း အလွဲတွေ ဆက်တိုက်ကြုံကြရပါတယ်။ ဒီတစ်ခေါက်မှာ လူငယ်လေး အေဒီရီယန်၊ ကလေးအဖေ တော့ဒ်နဲ့ ကလေးလေး အေဗာတို့လည်း ပါဝင်လာပြီး နေးလ်ပက်ထရစ်လည်း ပြန်ပါလာပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဆဲဆိုမှုနဲ့ လိင်ပိုင်းဆိုင်ရာ ဟာသတွေပါဝင်တဲ့ စွန့်စားခန်းဟာသကားပါ။
ဇာတ်ကားကြည့်ရန်