I-LAND S1 (2020) S1+S2 (စ/ဆုံး) ဒီတစ်ခေါက်မှာတော့ တောင်းဆိုထားတဲ့ ပရိသတ်ကြီးတွေအတွက် နာမည်ကြီး Boy Group တစ်ဖွဲ့ဖြစ်တဲ့ ENHYPEN ကို မွေးထုတ်ပေးခဲ့တဲ့ I-LAND Season 1 ကို ပြန်လည် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ လက်ရှိ EYHYPEN အဖွဲ့ဝင် ၇ ဦးအပါအဝင် စုစုပေါင်း ပြိုင်ပွဲဝင် ၂၃ ဦးတို့က Debut ခရီးလမ်းဆီ အရောက်လှမ်းနိုင်မဲ့ I-LAND မှာ ရှင်သန်ကျန်ရစ်နိုင်အောင် အကြိတ်အနယ် ယှဉ်ပြိုင်သွားကြမှာပဲဖြစ်ပါတယ်။ Survival show ဆိုတဲ့အတိုင်း ဘယ်သူတွေက ထုတ်ပယ်ခံရမလဲ... ဘယ်သူတွေက အောင်မြင်မှုသရဖူဆောင်းရမလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာဖြစ်လို့ survival show ပရိသတ်များကိုရော ENGENE တို့ကိုရော တစ်ဖန် ပြန်လည်ခံစားကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ (အညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပါတယ်။) Aired: Jun 26, 2020 - Sep 18, 2020 Aired On: Friday Genres: Music, Life Episodes: 12 Original Network: Mnet Translated by CM Team Encoded by Tiff
ဇာတ်ကားကြည့်ရန်