သာ့ကျားတို့အတွက် ယခုတစ်ခါယူဆောင်လာပေးတဲ့ဇာတ်ကားလေးကတော့ Romance Drama ကိုမှ Melodrama အမျိုးအစားဖြစ်ပါတယ်။ ဒီစီးရီးလေးက Mini ဆိုပေမဲ့ FML က အတော်လေး strong တာမို့ ချစ်ပရိသတ်တို့ အကြိုက်တွေ့ကြအုံးမှာပါ။ အဓိကဇာတ်ဆောင်တွေအဖြစ် Jin Ze နဲ့ Han Le Yao တို့က ဆေးစက်ကျရာအရုပ်ထင်ထားကြပါတယ်။ နောက်ပြီး Melodrama ဆိုတော့ ကြည့်နေကျဇာတ်လမ်းတွေနဲ့ကွဲထွက်နေမှာ အသေအချာပါပဲနော်။ ဇာတ်လမ်းအညွှန်း >>> ပါရမီရှင်အင်ဂျင်နီယာကြီး စူးမင်ဟာ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ လုကျန်းအန်းရဲ့ သစ္စာဖောက်မှုကိုခံခဲ့ရပြီး နောက်ဆုံးမှာတော့ သေကြောင်းကြံသွားခဲ့ပါတယ်။ အဲဒီဆိုးရွားလှတဲ့အဖြစ်ဆိုးကြီးကြောင့် အသက်မပြည့်သေးတဲ့ သမီးငယ်လေးစူးရှရဲ့ရင်ထဲမှာတော့ စိတ်ဒဏ်ရာကြီးအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့ စူးရှဟာ သွေးအေးပြီး ထက်မြက်လှတဲ့ လက်စားချေသူတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ သူဟာ အထောက်အထားအတုတစ်ခုကို အသုံးပြုပြီး မြို့တော်ထဲပြန်လည်ဝင်ရောက်လာခဲ့ကာ အဖေဖြစ်သူရဲ့သေဆုံးမှုနောက်ကွယ်က အမှန်တရားကို တိတ်တဆိတ်ဖော်ထုတ်ဖို့နဲ့ သွေးကြွေးဆပ်ဖို့အတွက် ရန်သူ လုကျန်းအန်းရဲ့သားဖြစ်သူ လုဖန်းနားကို ရည်ရွယ်ချက်ရှိရှိပါးနပ်စွာချဉ်းကပ်ခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းက လက်စားချေရာကနေ ရန်သူ့သားအပေါ် မထင်မှတ်ဘဲ သံယောဇဉ်ဖြစ်သွားတဲ့အမျိုးအစားဖြစ်လို့ ဇာတ်အိမ်က တကယ့်ကို အရှိန်ရလှပါတယ်။ အဖေကို သေတွင်းထဲပို့ခဲ့တဲ့ ရန်သူ့ရဲ့သား လုဖန်းနဲ့နီးစပ်အောင် ကြံစည်ရင်း ရင်ထဲမှာ အချစ်နဲ့အမုန်း၊ သံယောဇဉ်နဲ့ လက်စားချေလိုစိတ်တို့ လွန်ဆွဲရမယ့် Angst Vibe မျိုးမို့လို့ ပရိသတ်တွေကြည့်ရင်း ရင်မောလှိုက်ဖိုရမှာကျိန်းသေပါတယ်ဗျို့။ Total Episodes : 24 Quality : WEB-DL 1080p Format : mp4 Genres : Romance Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်