Preparation for the Next Life (2025) IMDb Rating (6.6) / Rotten Tomatoes (96%) ကိုယ်ရေးမှတ်တမ်းဆန်ဆန် စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Preparation for the Next Lifeဟာ စာရေးဆရာ Atticus Lishရဲ့ ဆုရပွဲဦးထွက်လက်ရာတစ်ခုဖြစ်ပါတယ်။ ရိုက်ကူးသူဒါရိုက်တာ Bing Liuကလည်း ဆုရမှတ်တမ်းရုပ်ရှင်တွေဖန်တီးထားသူမလို့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ကို မှတ်တမ်းရုပ်ရှင်တစ်ခုလို ခံစားမိစေမှာပါ။ ဝီဂါလူမျိုးအဖေနဲ့ ဟန်တရုတ်လူမျိုးအမေတို့က မွေးဖွားခဲ့တဲ့ အိုက်ရှာ (Sebiye Behtiyar)ဟာ ငယ်စဉ်မှာ စစ်သားဖြစ်တဲ့အဖေရဲ့ စစ်တပ်ပုံစံလေ့ကျင့်မှုနဲ့ ကြီးပြင်းခဲ့ရသူပါ။ လက်ရှိမှာ အမေရိကန်ကို တရားမဝင်ဝင်ရောက်နေထိုင်နေပြီး နယူးယောက်တရုတ်တန်းက စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကိုင်ရင်း ဘဝတစ်ခုကို တည်ဆောက်ဖို့ကြိုးစားနေသူပေါ့။ အရှေ့အလယ်ပိုင်းမှာ ၃ကြိမ်တိုင်တိုင်တာဝန်ထမ်းဆောင်ရင်း စစ်ပွဲရဲ့စိတ်ဒဏ်ရာတွေနဲ့ အိမ်ပြန်လာတဲ့ စကင်နာ (Fred Hechinger)ကတော့ အိမ်မပြန်ပဲ နယူးယောက်ကိုရောက်လာရင်း ပျော်ရွှင်မှုကို ရှာတွေ့ဖို့မျှော်လင့်နေသူပါ။ မထင်မှတ်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှု အထူးသဖြင့် အိုက်ရှာအတွက် မမျှော်လင့်ထားတဲ့ ဆက်ဆံရေးတစ်ခုကနေ သူတို့ရဲ့ကိုယ်စီလိုအပ်ချက်တွေကို အချင်းချင်း ဖြည့်ဆည်းပေးနိုင်ကြမှာလားဆိုတာ... File size… (7 GB) / (1.8 GB) / (880 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:57:02 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်