★ 6.8
ဇာတ်ကား / 2022Emily the Criminal
ကျောင်းစရိတ်ချေးငွေ ၇၀၀၀၀ ကို မဆပ်နိုင်တဲ့ မိန်းကလေးတစ်ယောက်ဟာ ငွေရလွယ်မယ့် အလုပ်တွေကို လိုက်ရှာနေပါတယ်။ အဲဒီကနေ ခရက်ဒစ်ကတ်လိမ်လည်တဲ့ ဒုစရိုက်လောကထဲ ရောက်သွားပြီး အစက မကျွမ်းမကျင်လုပ်ခဲ့ရာက တဖြည်းဖြည်း အထာသိလာတယ်။ ဒါပေမဲ့ အလုပ်ကို ကျွမ်းလာတာနဲ့အမျှ အခက်အခဲတွေကလည်း တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။ ဒုစရိုက်လောကမှာ နေရာရပြီးသားသူတစ်ယောက်အကြောင်းထက် အခြေအနေအရ ဝင်ပါမိရာကနေ ကျင်လည်လာတဲ့သူအကြောင်းကို ရိုက်ထားတဲ့ မှုခင်းဒရာမာပါ။ John Patton Ford ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ထားပြီး နာမည်ကြီးထိပ်တန်းသရုပ်ဆောင်တွေ မပါဝင်ပေမဲ့ ဝေဖန်ရေးဆရာတွေရဲ့ အာရုံစိုက်မှုရခဲ့သလို ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရထားပါတယ်။
ဇာတ်ကားကြည့်ရန်