Azure Spring (2026) အပိုင်း 1 မှ 6 စ/ဆုံး ဘဝတစ်ခုကို လျှောက်လှမ်းတဲ့ နေရာမှာ "ဘဝအဓိပ္ပာယ်" လိုအပ်တယ်လို့ ပရိသတ်ကြီး ထင်ပါသလား….. မလိုအပ်သယောင် ထင်ရပေမဲ့ အရေးပါတဲ့ “ဘဝအဓိပ္ပာယ်” ကို ရှာဖွေနေကြတဲ့ လူနှစ်ဦးဇာတ်လမ်းကို ငြိမ့်ညောင်းစွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းသစ် Azure Spring လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ညွှန်းအကျဉ်း… အိပ်မက်တစ်ပွေ့တစ်ပိုက်နဲ့ ရေကူးအားကစားသမားတစ်ဦးဖြစ်ချင်ခဲ့တဲ့ အန်နာဟာ ကံကြမ္မာမျက်နှာသာမပေးလေတော့ အိပ်မက်ကို ကျောခိုင်းပြီး ပင်လယ်အနီး ဇာတိရွာလေးကို ပြန်လာခဲ့ပါတယ်… အန်နာတစ်ယောက် ဇာတိရွာမှာ ယွန်းဒေါ့ဟျွန်းဆိုတဲ့ လူတစ်ဦးနဲ့တွေ့ဆုံကာ သူ့ဘဝအပြောင်းအလဲ အသစ်အဆန်းတွေကို သင်ယူခဲ့ရပါတယ်။ ဒေါ့ယွန်းဟာ ရေငုပ်သားတစ်ဦးဖြစ်ပြီး ပင်လယ်ဟာ သူ့အတွက် အတိတ်အဖြစ်အပျက်တွေနဲ့ ဝေးရာ ခိုလုံရာအရပ်တစ်ခု ဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာ ကျရှုံးမှုကို ခံစားနေရတဲ့ အန်နာအတွက်ကတော့ ပင်လယ်ဟာ လွတ်မြောက်ရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ မတူညီတဲ့ နောက်ခံဘဝတွေ ၊ ကြုံတွေ့ခံစားခဲ့ရတဲ့ ကွဲပြားတဲ့ အတွေ့အကြုံကတစ်ဆင့် သူတို့နှစ်ဦးရှာဖွေနေကြတဲ့ ဘဝအဓိပ္ပာယ်ဟာ ထပ်တူညီနေကြမလား… ဘယ်လိုမျိုးရှေ့ဆက်ကြမလဲဆိုတာကို သဘာဝ ပင်လယ်ရေအောက်အလှတရားများကိုပါ ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ယွန်းဒေါ့ဟျွန်းအဖြစ် မင်းသား Kang Sang Jun၊ အန်နာအဖြစ် မင်းသမီး Ye Ri (Red Velvet အဖွဲ့ဝင်) တို့အပြင် အခြားသော သရုပ်ဆောင်များ ပါဝင်အားဖြည့်ထားပါတယ်။ Episodes: 6 Aired: May 11, 2026 - May 26, 2026 Aired On: Monday, Tuesday Original Network: MBN Duration: 36 min Genres: Adventure, Life, Youth, Drama Subtitle: Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်