Fujiko (2026) "လွတ်လပ်ခွင့်ဆိုတာ ယောက်ျားတစ်ယောက်ရဲ့ အရိပ်အောက်မှာမရှိဘူး... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းမသားတစ်ယောက်ရဲ့ နှလုံးသားထဲမှာပဲ ရှိတယ်..." ဂျပန် Drama ကားကောင်းကောင်းလေးတွေ၊ ခံစားမှုရသပေးစွမ်းနိုင်တဲ့ ဇာတ်ကားမျိုးလေးတွေ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် ဂျပန်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာဆိုရင် ဂျပန်ရုပ်ရှင်ပရိသတ်တွေနဲ့ မစိမ်းတဲ့ ဝါရင့်မင်းသားကြီး Lily Franky နဲ့အတူ မင်းသမီး Yuki Katayama၊ Tsuyoshi Ujiki တိုက အဓိကပါဝင်အားဖြည့်ထားတာမို သရုပ်ဆောင်ပိုင်းကတော့ အထူးပြောနေစရာမလိုအောင် ပီပြင်လှပါတယ်။ ဇာတ်လမ်းရဲ့ အချိန်ကာလကတော့ ၁၉၇၀ နဲ့ ၈၀ ပြည့်လွန်နှစ်တွေကြားကာလ၊ ဂျပန်နိုင်ငံ ရှီဇုအိုကာ (Shizuoka) မြိုလေးမှာ အခြေတည်ထားပါတယ်။ အဲဒီခေတ်ကာလက ဂျပန်လူ့အဖွဲအစည်းဟာ အပြောင်းအလဲတွေများပြီး လူမှုရေးနဲ့ပတ်သက်တဲ့ အကျပ်အတည်းတွေ အများကြီးရှိခဲ့တဲ့ အချိန်ပေါ့။ ဒီလို ခေတ်ရဲ့ရိုက်ခတ်မှုတွေ၊ လှုပ်ခတ်မှုတွေကြားထဲမှာ ဖူဂျီကိုဆိုတဲ့ Single Mother တစ်ယောက် သူ့ရဲ့ လွတ်လပ်ခွင့်ကို ဘယ်လိုရှာဖွေဖြတ်သန်းခဲ့ရသလဲဆိုတာကို အဓိကထား ရိုက်ကူးထားတာပါ။ ဖခင်မရှိတဲ့ ကလေးကို ပြုစုပျိုးထောင်ရင်း၊ မိန်းမသားတစ်ယောက်တည်း လူ့အသိုင်းအဝိုင်းရဲ့ ဖိအားတွေ၊ ခွဲခြားဆက်ဆံမှုတွေကြားကနေ လွတ်လပ်မှုကိုရှာဖွေရင်း ဘယ်လိုရုန်းကန်မလဲဆိုတာကို ရှုစားရမှာပါ။ Action တွေ၊ Thriller တွေကြည့်ရတာ များပြီး "Vibe" ပြောင်းချင်တဲ့ သူတွေအတွက် မိခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ ဘဝရုန်းကန်မှုတွေကို ဂျပန်ကားတွေရဲ့ ထုံးစံအတိုင်း အေးအေးလေးနဲ့ လေးလေးနက်နက် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို Weekend မှာ အေးအေးဆေးဆေး ရှုစားဖို ညွှန်းဆိုလိုက်ပါရစေ File size…1.61GB / 736MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 35 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်