Isolated (2025) IMDb Rating (4.9) ရိုစ့်က သူနာပြုဆရာမလေးတစ်ယောက်ဖြစ်ပြီး မွေးချင်းအငယ်နှစ်ယောက်နဲ့မိခင်ဖြစ်သူကိုပါဦးဆောင်လုပ်ကျွေးနေရတာဖြစ်တဲ့အတွက် လစာနည်းတဲ့ဆေးရုံအလုပ်ကိုစွန့်ခွာပြီး နယ်ဝေးတစ်နေရာကပုဂ္ဂလိကသူနာပြုအလုပ်ကိုရွေးချယ်ခဲ့ရပါတယ်။ သူအလုပ်လုပ်ရမယ့်နေရာဟာ အပန်းဖြေစခန်းဟောင်းတစ်ခုဖြစ်ပြီးသာယာလှပတဲ့အပြင် သူ့အလုပ်ရှင်က စကားပြောချင်တဲ့အခါမှပြောပြီးဘီးတပ်ကုလားထိုင်ပေါ်မှာအချိန်ကုန်လေ့ရှိတဲ့အတွက် သူ့အတွက် အဆင်ပြေလွယ်ကူတဲ့အလုပ်ဖြစ်လို့သူပျော်နေခဲ့ပေမယ့် မကြာခင်မှာခြောက်ခြားစရာဖြစ်ရပ်တွေ စတင်လာပါတော့တယ်။ ရိုစ့်က အားလပ်ချိန်တွေမှာ မူးယစ်ဆေးသုံးလေ့ရှိတဲ့အတွက် အစပိုင်းမှာသူမြင်ရတဲ့ ပုံရိပ်တွေဟာ ဆေးကြောင်တာလို့အထင်ရှိခဲ့ပေမယ့်နောက်ပိုင်းမှာတော့ ခြောက်လှန့်မှုတွေကပိုမိုကြမ်းတမ်းပီပြင်လာခဲ့ပါတယ်။ တစ်ညမှာတော့ သူအိပ်တဲ့ခုတင်အောက်ကနေ ထွက်လာတဲ့လက်တစ်ဖက်နဲ့အတူတစ်စုံတစ်ယောက်ရဲ့ချုပ်နှောင်ဖမ်းဆီးမှုကိုသူခံလိုက်ရပါတော့တယ်။ သူမြင်နေရတဲ့ ခြောက်လှန့်မှုတွေဟာ ဘယ်လိုသဘောဆောင်နေလဲ? အဲ့ဒီတစ္ဆေပုံရိပ်တွေရဲ့ပိုင်ရှင်တွေဟာ ဘယ်သူတွေလဲ? အခုချိန်မှာရော သူ့အတွက် နောက်ကျသွားပြီလား? အစရှိတဲ့ မေးခွန်းတွေကို လှည့်ကွက်တွေအထပ်ထပ်နဲ့သဲထိတ်ရင်ဖိုခံစားရမယ့်ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.2 GB) / (780 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Thriller Duration…. 01:41:37 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်