ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ မူးယစ်ဆေးတိုက်ဖျက်ရေးကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် လောင်ထန်တို့ သူငယ်ချင်းနှစ်ယောက်ဟာ တာဝန်အရ မူးယစ်ရာဇာတစ်ယောက်ဖြစ်တဲ့ကျန်းဟူကို ဖမ်းဖို့ စောင့်ကြည့်နေခဲ့ပါတယ် ကျန်းဟူရောက်လာတဲ့အချိန်မှာတော့ သူတို့ထဲက တစ်ယောက်က မထင်မှတ်ဘဲ ပုလင်းပြုတ်ကျသွားပြီး ရန်သူကိုသတိပေးမိသွားပါလေရော အဲ့ဒါနဲ့ အချိန်ဆွဲဖို့ မသင့်တော်တော့ဘူးဆိုပြီးတော့ ကျန်းဟူကို ဝင်ဖမ်းရာကနေ နှစ်ယောက်စလုံး ကျန်းဟူရဲ့ ပုဆိန်ကြောင့် ဒဏ်ရာအပြင်းအထန်ရပြီး လောင်ထန်ပဲ အသက်ရှင်ကျန်ခဲ့ပါတော့တယ် အသက်ရှင်နေပေမယ့် ပုဆိန်နဲ့ထုရိုက်ခံခဲ့ရတာမို့ ခေါင်းအမြဲကိုက်တတ်တဲ့ရောဂါကျန်နေခဲ့ပြီး အမြဲလိုလို ကျန်းမာရေးစစ်ဆေးမှုကို လုပ်နေခဲ့ရတာပေါ့ အဲ့လိုနဲ့ ကျန်းဟူလည်း ခြေရာဖျောက်ပြီးနေနေခဲ့ရာကနေ သာ့ဖေးဆိုတဲ့သူက မူးယစ်လောကမှာ ပေါ်လာပြီးတော့ သူရောင်းတဲ့ဆေးက ကျန်းဟူရောင်းတဲ့ဆေးနဲ့ အတော်လေးတူနေလို့ ရဲတွေသံသယဝင်ပြီး နောက်ကြောင်းလိုက်ရာမှာတော့ တကယ်ပဲ ကျန်းဟူနဲ့ ဆက်စပ်နေခဲ့တာပါ ကျန်းဟူရဲ့ သတင်းအစအန ပြန်ပေါ်လာတဲ့အချိန်မှာတော့ လောင်ထန်လည်း လီကျွင်းဆိုတဲ့ ကားသမားနဲ့ပေါင်းပြီးတော့ ကျန်းဟူကို အမိအရဖမ်းဖို့ကြံပါတော့တယ် ရက်စက်ပြီး လူသတ်ဖို့ လက်မရွံ့တဲ့ ကျန်းဟူကို ဒီတစ်ခါရော ဖမ်းနိုင်မှာလားဆိုတာကိုတော့ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီနော် Filesize : 1.37 GB / 729 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Crime, Action, Western Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်