Bloody Game X (2026) အပိုင်းသစ် (1 မှ 10) စ/ဆုံး နာမည်ကြီး Brain Survival Show ဖြစ်တဲ့ "Bloody Game" ရဲ့ spin-off အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရင် season တွေလို တစ်ဦးချင်းရှင်သန်ရေးကိုပဲ အဓိက ထားသွားမှာမဟုတ်ဘဲ အဖွဲ့လိုက်ယှဉ်ပြိုင်မှုပုံစံအဖြစ် ပိုမို အသားပေး ပြောင်းလဲထားပါတယ်။ Bloody Game အရင် Season တွေမှာ ပါဝင်ယှဉ်ပြိုင်ဖူးပြီးသားသူများ ပါဝင်တဲ့ P1 , P2 , P3 အဖွဲ့၊ တခြား survival ရှိုးတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ Challenger အဖွဲ့နဲ့ survival အတွေ့အကြုံ လုံးဝ မရှိတဲ့ Rookie အဖွဲ့ဆိုပြီး အဖွဲ့ ၅ ဖွဲ့ခွဲပြီး ယှဉ်ပြိုင်ကြရမှာပါ။ ပြိုင်ဘက်ကို ယုံကြည်ပြီး မဟာမိတ်ဖွဲ့လက်တွဲမှာလား..... ဒါမှမဟုတ် သစ္စာဖောက်ပြီးပဲ ကိုယ့်လမ်းကိုယ် ဖောက်ထွက်မှာလား... ပြင်းထန်လှတဲ့ သွေးချွေးစက်တွေကြားက နောက်ဆုံး အနိုင်ရရှိသူက ဘယ်သူဖြစ်လာမှာလဲ... ဆိုတာကို အပတ်စဉ် ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။ အထင်ကရ ပြိုင်ပွဲဝင်တွေအနေနဲ့ ပြီးခဲ့တဲ့ Season တွေက ပြိုင်ပွဲဝင်ဟောင်းများ၊ The Genius 2 winner Lee Sang Min၊ University War 3 က Kang Ji-Hoo၊ EXchange 4 က Shin Seung-Yong တို့အပြင် Single's Inferno မှာ final couple ဖြစ်ခဲ့တဲ့ Lee Gwan-Hee နဲ့ Choi Hye-Seon တို့ကိုပါ အတူ မြင်တွေ့ရမှာဖြစ်ပါတယ်။ Aired: Jul 3, 2026 - Aug 28, 2026 Aired On: Friday Genres: Mystery, Psychological, Survival Show, Reality Show Episodes: 10 Original Network: Wavve
ဇာတ်ကားကြည့်ရန်