ဘတ်ဒီအစ်စရယ်ဆိုတဲ့ ဖျော်ဖြေရေးသမားက မာဖီးယားဂိုဏ်းခေါင်းဆောင်ကို သစ္စာဖောက်မိရာက သူ့နှလုံးကို ရယူပေးနိုင်သူအတွက် ဆုကြေးတစ်မီလီယံ ထုတ်ခံလိုက်ရပါတယ်။ ဆုကြေးလိုချင်တဲ့ ကြေးစားလူသတ်သမားတွေက သူ့နောက်ကို လိုက်လာကြသလို FBI ဘက်ကလည်း သူ့ကို အရှင်ရဖို့ လိုနေတယ်။ မာဖီးယားခေါင်းဆောင်ရဲ့ လျှို့ဝှက်ချက်တွေကို သိရဖို့နဲ့ သက်သေထွက်ဆိုပေးဖို့အတွက် အစ်စရယ်ကို ကာကွယ်ရမယ့်တာဝန်က အေးဂျင့်မက်စ်နာနဲ့ ကော်ရတ်သာတို့ဆီ ရောက်လာပါတယ်။ လူသတ်သမားခုနစ်ယောက်ရဲ့ လက်ကနေ အစ်စရယ်ကို မသေအောင် အေးဂျင့်နှစ်ယောက်က ကြိုးစားကာကွယ်ကြရတယ်။ ဒီကြားထဲ ဆွီဒင်လူမျိုးဆိုတဲ့ ထူးဆန်းတဲ့ဇာတ်ကောင်ကလည်း ဘယ်လိုပတ်သက်နေသလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ FBI အတွင်းက အရှုပ်အရှင်းတွေ တဖြည်းဖြည်းပေါ်လာတဲ့အခါ မာဖီးယားတွေနဲ့ ဘယ်လိုဆက်နွယ်နေသလဲ၊ ဘာလျှို့ဝှက်ချက်တွေ ရှိနေသလဲဆိုတာကိုပါ ဖော်ထုတ်ရတော့မှာပါ။ Ryan Reynolds နဲ့ Ben Affleck တို့ ပါဝင်ထားတဲ့ အက်ရှင်၊ မှုခင်းဇာတ်ကားဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်