Legend of Female General ရဲ့ Main Lead တစ်ယောက်ဖြစ်တဲ့ Zhou Ye ဟာ ပြိတ်သတ်တို့ရဲ့ဆန္ဒကို ကြားသွားပုံပါပဲ။ LOFG မှာ ထက်ထက်မြက်မြက် Strong Woman အဖြစ်မြင်တွေ့ခဲ့ရသလို အခုညွှန်းပေးမဲ့စီးရီးမှာလဲ Zhou Ye ကို ထက်မြက်တဲ့စွန့်ဦးတီထွင်သူအမျိုးသမီးငယ်လေးအဖြစ် မြင်တွေ့ရမှာပါ။ ဒီကားကို ၁၉၈၃ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး Zhou Ye နဲ့အတူ Love in Pavilion မှာ ပါဝင်ခဲ့သလို အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့ ကိုကို Zhai Xiao Wen က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> အပြောင်းအလဲများစွာရှိနေတဲ့ ၁၉၈၃ ခုနှစ်မှာ "လုပ်ငန်းခွင်ကျွန်" လို့တံဆိပ်ကပ်ခံထားရတဲ့ ခေတ်မိန်းမပျိုတစ်ဦးဟာ လှိုင်းလေထန်လှတဲ့စီးပွားရေးလောကထဲကို ရဲရဲဝံ့ဝံ့ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အဲလိုမိုက်ရူးရဲဆန်မှုကြောင့် လူအများရဲ့ကဲ့ရဲ့ဝေဖန်မှုတွေကိုလဲ ရင်ဆိုင်ခဲ့ရရှာပါတယ်။ ဒါပေမဲ့ မိန်းမငယ်လေးဟာ အဲလိုဝေဖန်မှုတွေကို တွန်းလှန်ပြီး ကိုယ်ပိုင်လမ်းစဉ်တစ်ခုကိုဖော်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားသူပါ။ အရာအားလုံးကို ဘာမှမရှိတဲ့ဘဝကနေစတင်ခဲ့ပြီး အခက်အခဲတွေကြား ကြံ့ကြံ့ခံရင်း မြင့်မားလှတဲ့အောင်မြင်မှုဆီ ဖြည်းဖြည်းချင်းတက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလိုစိန်ခေါ်မှုတွေနဲ့ဆင်းရဲပင်ပန်းမှုများစွာကို ရင်ဆိုင်နေရချိန်မှာ ကျိုးချန်လို့အမည်ရတဲ့ ကိုလူချောလေးနဲ့ ဆုံခဲ့ပါတော့တယ်။ မိန်းမပျိုလေးဟာ မဆုတ်မနစ်ကြိုးစားအားထုတ်မှုနဲ့ ထူးချွန်လှတဲ့ဉာဏ်ရည်ဉာဏ်သွေးကို အသုံးချကာ စီးပွားရေးလောကမှာ နေရာတစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်။ အဲလိုပဲ တစ်ဖက်မှာလည်း သူနဲ့ကျိုးချန်တို့ရဲ့ပတ်သက်မှုဟာ နှလုံးသားထဲထိစိမ့်ဝင်သွားရာမှာတော့ ချစ်ခရီးအိပ်မက်ဟာ ဖြောင့်ဖြူးလေမလား၊ ရောက်ချင်တဲ့နေရာကိုရော ရောက်လေမလား... ဒီလိုဝေခွဲမရမှုတွေကြားမှာ သေချာတာတစ်ခုကတော့ ကျိုးချန်နဲ့သူရဲ့အချစ်အိမ်ငယ်ဟာ သကာလောင်းတဲ့ပျားသလက်လို ချစ်ရနံ့တို့ချိုမြထုံသင်းနေမှာ အမှန်ပါပဲ။ Romance ဇာတ်အိမ်ကို ပုံမှန်ကြည့်နေရတဲ့ဇာတ်လမ်းတွေကနေ ကွဲထွက်တာမျိုးလေးမှဆို ဒီစီးရီးလေးက အသင့်တော်ဆုံးပါပဲနော်။ Quality : WEB-DL 1080p,720p Total Episodes : 36 Format : mp4 Genres : Drama, Romance Runtime : 45 min
ဇာတ်ကားကြည့်ရန်