ဒီဇာတ်ကားကတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ သည်းထိတ်ရင်ဖို ရေအောက်စစ်ဆင်ရေး အက်ရှင်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ ဝါ့ရင်သရုပ်ဆောင်တွေအများကြီးနဲ့အတူ TFBOYSအဖွဲ့က မင်းသားချောလေး Karry Wangပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့...... အနာဂတ်ကာလတစ်ခုမှာ တရုတ်ရေတပ်ဟာ အရေးကြီးတဲ့သတင်းအချက်အလက်တစ်ခုကို ကြားဖြတ်ရရှိခဲ့ပါတယ် သတင်းအရ ခေတ်ရှေ့ပြေးတဲ့ရေငုပ်သင်္ဘောတစ်စင်းက တရုတ်နိုင်ငံရဲ့အရှေ့တောင်ဘက်ကမ်းရိုးတန်းမြို့တွေကို ပစ်မှတ်ထားပြီးထိပ်တန်းလျှို့ဝှက်စစ်ဆင်ရေးတစ်ခု လုပ်ဖို့ကြံစည်နေတယ်လို့ သတင်းရထားတာဖြစ်ပါတယ် အဲဒီအခြေအနေကိုတုံ့ပြန်ဖို့အတွက် တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ် ရေငုပ်သင်္ဘောဖြစ်တဲ့"လုံကျင်းအမှတ်"ကိုစေလွှတ်ပြီး အထူးတပ်ဖွဲ့ကျောင်းလုံနဲ့ပူးပေါင်းစစ်ဆင်ရေးလှုပ်ရှားဖို့ အမိန့်ကျလာပါတယ် ပင်လယ်ရေအောက်စစ်မြေပြင်ဟာ အန္တရာယ်တွေနဲ့ပြည့်နှက်နေပြီး ကျောင်းလုံအထူးတပ်ဖွဲ့ကလည်း ထောင်ချောက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ရေငုပ်သင်္ဘောဟာ ရန်သူရဲ့အကြိမ်ကြိမ်ချောင်းမြောင်းတိုက်ခိုက်တာတွေကို တွန်းလှန်ရင် ပင်လယ်ရေအောက်မီးတောင်တွေပြည့်နှက်နေတဲ့ နက်ရှိုင်းတဲ့ပင်လယ်ပြင်ကြီးထဲကို မောင်းနှင်ဝင်ရောက်သွားခဲ့တဲ့အခါ အသက်ရှင်သန်နိုင်ဖို့အတွက် အဆုံးအဖြတ်ပေးမယ့် သည်းထိတ်ရင်ဖို ရေအောက်တိုက်ပွဲကြီးတစ်ခု စတင်သွားပါတော့တယ်...... ဒီဇာတ်ကားက 2018တုန်းကရုံတင်ခဲ့တဲ့ Operation Red Seaရဲ့ နောက်ဆက်တွဲဇာတ်လမ်းလဲဖြစ်ပါတယ် Filesize : 8.62 GB / 2.09 GB / 1.19 GB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv / mp4 Genres : Drama, Action, War Runtime : 2h 26 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်