ယခုတခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2008 ခုနှစ်က ထွက်ရှိထားတဲ့ ထိုင်းအက်ရှင်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် အက်ရှင်ကိုမှ ၀မ်းဘတ်မင်းသားဇာတ်ကားကို ကြိုက်နှစ်သက်ရင်တော့ ဒီကားလေးက လုံး၀လက်မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားလေးအစမှတော့ ထိုင်းလူမိုက်ဂိုဏ်းနဲ့ဂျပန်ယာကူဇာဂိုဏ်းတို့ အခြေအတင်ဖြစ်နေတာကနေ စပါတယ်။ အဲ့နောက် ထိုင်းလူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့လက်ထောက်ဇင်နဲ့ ဂျပန်ယာကူဇာဂိုဏ်းကမဆာရှီတို့ ချစ်ကြိုက်မိသွားပါတယ်။ ဒါကိုသိသွားတဲ့ ထိုင်းဂိုဏ်းခေါင်းဆောင်က ဒေါသထွက်သွားပြီး သူတိုနှစ်ယောက်ကို လိုက်သတ်ပါတော့တယ်။ ဒါပေမယ့် သတ်ခါနီးမှ ပြောင်းလဲသွားပြီး သူတို့နှစ်ယောက်ကို နောက်တစ်ခါအတူတူရှိရင် အရှင်မထားဘူးလို့ သတိပေးလိုက်ပါတယ်။ ဒါနဲ့ မဆာရှီလည်း ဂျပန်ကိုပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် ဇင်မှာ မဆာရှီနဲ့ရထားတဲ့ကိုယ်၀န်ကရှိနေပါပြီ။ ဒါကြောင့်မို့ ဇင်လည်း မွေးလာတဲ့ကလေးဘေးကင်းဖို့အတွက် သမာအာဇီ၀အလုပ်ကိုပဲ လုပ်ကိုင်ပါတော့တယ်။ ဒါပေမယ့် ကလေးဟာ မွေးရာပါ အော့တစ်ဇင်ဖြစ်နေတာပါ။ ဂန်းစတားတွေကနေ မွေးလာတဲ့ကလေးဖြစ်တဲ့အလျှောက် သိုင်းကွက်တွေ တိုက်ခိုက်ပုံတွေကို ကြည့်ရုံနဲ့တတ်မြောက်သူလေးပါ။ ပြီးတော့ ဇင်မှာ လမ်းကကောက်ယူမွေးစားထားတဲ့ မွန်းဆိုတဲ့ကောင်လေးတစ်ယောက်လည်း ရှိပါတယ်။ သူတို့နှစ်ယောက်ကြီးပြင်းလာတဲ့အခါမှာတော့ ဇင်ဟာ မကျန်းမာဖြစ်လာတဲ့အတွက် ကလေးနှစ်ယောက်က တတ်နိုင်သလောက် ပိုက်ဆံရှာဖို့လုပ်ပါတော့တယ်။ တစ်န
ဇာတ်ကားကြည့်ရန်