သွေးအေးအေးနဲ့ကြမ်းတဲ့ကားလေးလာပါပြီ အငြိုးအတေးနဲ့ကလဲ့စားကားတွေဆို ပီပီပြင်ပြင်ရိုက်တတ်တဲ့ဘောလိဝုဒ်ရဲ့အထာအတိုင်း ဒီကားလေးထဲမှာလည်းရင်နင့်ဖွယ်ရာအဖြစ်အပျက်ကိုတွေ့ရမှာပါ ဇာတ်လမ်းအညွှန်းကတော့ ရက်ဂျ်ဟူးနဲ့မီရှာတို့ဟာ ရော်ဘင်ဆိုတဲ့သားလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ပျော်ရွှင်စရာမိသားစုလေးတစ်ခုပါ အနိစ္စဆိုတဲ့သဘောအတိုင်းကံကြမ္မာမုန်တိုင်းတစ်ခုကြောင့့်တစ်နေ့မှာ ဘဏ်ဓားပြတိုက်မှုတစ်ခုကနေ ကားယူပြေးတဲ့ဓားပြတွေကြောင့်မီရှာနဲ့ရော်ဘင်တို့သေဆုံးသွားခဲ့ရပါတယ် လိုက်ရက်ခ်လို့ခေါ်တဲ့ရာဇဝတ်ကောင်တစ်ယောက်ကိုဖမ်းမိခဲ့ပေမယ့် ကြံရာပါတစ်ယောက်ကတော့ငွေတွေနဲ့အတူအစအနပျောက်သွားပါတယ် ဖမ်းမိခဲ့တဲ့လိုက်ရက်ခ်ကလည်းသူ့ကြံရာပါနာမည်ကိုရေငုံနှုတ်ပိတ်နေခဲ့ပြီးထောင်အကျခံခဲ့ပါတယ် ဒီလိုရင်နင့့်ဖွယ်ဖြစ်ရပ်မျိုးဟာသေသွားတဲ့ သူအတွက်တော့ဘဝကူးရုံပဲဆိုပေမယ့် ကျန်နေခဲ့တဲ့ရက်ဂျ်ဟူးအတွက်တော့ကမ္ဘာပျက်နေတဲ့အရူးတစ်ယောက်လိုပါပဲ သားသေ/ မယားသေလို့ အမုန်းတရားတွေနဲ့ပြည့်နှက်နေခဲ့တဲ့ ရက်ဂျ်ဟူးတစ်ယောက် အမုန်းတရားတွေကိုဘယ်လိုချေဖျက်သွားမလဲ တရားခံဆိုတဲ့သူတွေကကော ဘယ်လိုဆက်ဖြစ်ကြမလဲ စတဲ့ ဇာတ်ရှိန်အလှည့်အပြောင်းလေးတွေကိုတော့ ဇာတ်သိမ်းပိုင်းကျမှပဲ နားလည်သဘောပေါက်ကြမှာဖြစ်တဲ့အတွက် ပြီးအောင်ကြည့်ရမှာတော့ကျွန်တော်တို့အပိုင်းပေါ့ဗျာ... (ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ) File Size : (0.99 GB) Quality : WEB-DL 720p Running Time : 2hr 8min Format : Mp4
ဇာတ်ကားကြည့်ရန်