ယောက်ဖတော်နဲ့ အသေအကြေတိုက်ခဲ့တဲ့ Rurouni Kenshin: The Final အပြီးမှာထပ်ထွက်လာတဲ့ Rurouni Kenshin: The Beginning ဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ လေ့လွင့်ရိုနင် ခန်းရှင်း ရယ်လို့မဖြစ်လာမီ လူသတ်သမား ဘတ်တိုဆိုင်းအဖြစ် နိုင်ငံရေးရှုတ်ထွေးတွေကြားထဲမှာ ခန်းရှင်းကျင်လည်ခဲ့ရတဲ့ဘဝ အစိတ်အပိုင်းကို နောက်ကြောင်းပြန်တဲ့ပုံမျိုးနဲ့ပြောပြရင်း ဇတ်အိမ်တည်ထားတာဖြစ်ပါတယ် ၁၈၆၀ ခုနှစ်မှာ ဂျပန်ပြည်တွင်း အဆုံးသတ်စစ်ပွဲဆင်နွှဲနေကြချိန် မြို့ထဲလမ်းမတွေမှာ တိုက်ပွဲတွေနေရာအနှံဖြစ်ပွားနေပြီး လူသတ်သမား ဘတ်တိုဆိုင်းဆိုတဲ့ နာမည်ကြီး ဓားသမားတစ်ယောက်ဟာ အကျင့်ပျက်အစိုးရအရာရှိကြီးတွေကိုလိုက်လံသုတ်သင်လျှက်ရှိပြီး အင်အားဘယ်လောက်များများသူ့ကိုဘယ်သူကမှမတားဆီးနိုင်ခဲ့ကြရုံမက ရှိုးဂန်းခေတ်နှောင်းရဲ့ ရဲတပ်ဖွဲ့ကြီးကတောင် လက်မြှောက်ထားရပါတယ်။ ဘတ်တိုဆိုင်းအနေနဲ့နှုတ်ယူခဲ့ရတဲ့အသက်တွေကြောင့် ဂျပန်ပြည်ကြီးကို ခေတ်သစ်တစ်ခုဆီခေါ်ဆောင်သွားချင်တဲ့ စိတ်သာရှိတဲ့လူငယ်လေးကို ခံစားချက်မဲ့လူသတ်စက်ကြီးလိုခေါ်ရလောက်အောင်ရင့်သီးသွားစေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့လိုဘဝတူ ကျိုးပဲ့နေတဲ့ဘဝထဲက မိန်းမလှလေးတစ်ယောက်နဲ့ဆုံခဲ့ပြီး ကံကြမ္မာအလှည့်အပြောင်းတွေကြားကနေ ကြမ်းတမ်းခက်ထန်တဲ့ လူသတ်သမားအဖြစ်ကနေ နောက်ထပ် လူမသတ်တော့ဖို့ရာကျိန်ဆိုတဲ့အထိအောင်ဖြစ်သွားခဲ့ရပါတော့တယ်။ Rurouni Kenshin: The Beginning ကတော့ ခန်းရှင်းနဲ့ တိုမိုအဲတို့ရဲ့ အချစ်ဇတ်လမ်းလေးကနေ အသွားပြောင
ဇာတ်ကားကြည့်ရန်