Bob Biswas (2021) အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် Bob Biswas လို့ အမည်ရတဲ့ crime thriller ရုပ်ရှင်အမျိုးအစားလေးကို တင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ 2012 ခုနစ်မှာ ရိုက်ကူးခဲ့တဲ့ Kahaani အမည်ရတဲ့ မှုခင်းရုပ်ရှင်ရဲ့ Spin-off အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ကမှ ပူပူနွေးနွေး ထွက်ရှိထားတာ ဖြစ်ပါတယ် ဒါ့အပြင် ရုပ်ရှင်နာမည်က Bob Biswas ဆိုတဲ့အတိုင်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘော့နေရာမှာ သရုပ်ဆောင်ထားသူကတော့ အားလုံးချစ်ကြတဲ့ နာမည်ကျော်မင်းသား အမီတာဘချန်းရဲ့ သားဖြစ်သူ အာဘီရှက်ခ်ဘချန်းက သရုပ်ဆောင်ထားမလို့ တစ်မူထူးခြားတဲ့ သရုပ်ဆောင်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ် ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေးကို မတိုမရှည်နဲ့ စလိုက်ကြရအောင် ယခင် 2012 က ထွက်ရှိထားတဲ့ Kahanni ရုပ်ရှင်ထဲမှာ ကားတိုက်ခံလိုက်ရတဲ့ ဘော့တစ်ယောက် ယခုထွက်ရှိလာတဲ့ Bob Biswas ရုပ်ရှင်ထဲမှာတော့ ၈ နှစ်ကြာ ကိုမာဝင်နေရာကနေ ပြန်လည်နိုးထလာခဲ့ပါပြီ ကိုမာကနေ ပြန်လည်နိုးထလာခဲ့ပေမဲ့ ဘော့ဟာ သူ့ရဲ့ ဇနီးမယ်ရီနဲ့သားသမီးတွေကိုတောင် မမှတ်မိဘဲ လုပ်ကြံသူဖြစ်တဲ့ သူရဲ့ဘဝကိုတောင် အတိတ်မေ့နေခဲ့ပါတယ် ဘော့ရဲ့ အလုပ်ရှင် အုစတက်ဒ်ကတော့ ဘော့ သတိရပြီး နေပြန်ကောင်းလာတာနဲ့ ထုံးစံအတိုင်းပဲ ခေါက်ဖုန်းတစ်လုံးပေး လုပ်ကြံရမဲ့သူရဲ့ ဓာတ်ပုံကို ပို့ပေးပြီး လုပ်ကြံခိုင်းပါတော့တယ် အဲ့လိုနဲ့ပဲ ဇနီးသားမယား အလုပ် ရှိသမျှ အလုပ်
ဇာတ်ကားကြည့်ရန်